မျက်မမြင်ကလေးတစ်ယောက်ဆီကနေ လူလည်ကျအမြတ်ထုတ်သွားကြသူများ

61109637_409347003249162_1257503511587848192_n.jpg

လူတိုင်းမှာရှိနေတတ်တဲ့ အမှောင်ဘက်ခြမ်းကို ပြသရာရောက်တဲ့သတင်းဖြစ်နေလို့ တကယ်စိတ်မကောင်းစရာပါပဲ။ ဒီသတင်းကိုဖတ်ပြီး လူတွေရဲ့သဘောသဘာဝကို သိမြင်သွားရင်ပဲ ဖော်ပြရကျိုးနပ်ပြီလို့ ဆိုရမှာပါပဲ။

Prank Nation ဆိုတဲ့ YouTube ရုပ်သံလိုင်းတစ်ခုက ဘိုင်လီ (Bailey) ဆိုတဲ့ (၁၂) နှစ်အရွယ်ကောင်လေးကို နေကာမျက်မှန်ဝတ်ခိုင်းပြီး တုတ်ကောက်တစ်ချောင်းပေးကာ မျက်မမြင်တစ်ယောက်ပုံစံ အယောင်ဆောင်ခိုင်းခဲ့ပြီး လူတွေရဲ့စိတ်ရင်းအမှန်ကိုသိနိုင်ဖို့ စမ်းသပ်မှုတစ်ခုလုပ်ခဲ့တာပါ။

ဘိုင်လီ (Bailey) ဆိုတဲ့ (၁၂) နှစ်အရွယ်ကောင်လေးကို နေကာမျက်မှန်ဝတ်ခိုင်းပြီး တုတ်ကောက်တစ်ချောင်းပေးကာ မျက်မမြင်တစ်ယောက်ပုံစံ အယောင်ဆောင်ခိုင်းခဲ့ကာ လူတွေရဲ့စိတ်ရင်းအမှန်ကိုသိနိုင်ဖို့ စမ်းသပ်မှုတစ်ခုလုပ်ခဲ့

မျက်မမြင်ယောင်ဆောင်ထားတဲ့ ဘိုင်လီရဲ့လက်ထဲကို ဒေါ်လာ (၅၀) တန် တစ်ရွက်ထည့်ပေးလိုက်ကာ လမ်းသွားလမ်းလာတွေကို “ကျွန်တော့်ရဲ့ (၅) ဒေါ်လာတန်ကို အကြွေစေ့ (၅) ဒေါ်လာဖိုးနဲ့ လဲပေးလို့ရမလား” လို့ မေးပြီးလဲခိုင်းကြည့်ခဲ့တာပါ။ ဒီဖြစ်စဉ်တစ်ခုလုံးကို နောက်ကွယ်ကနေ တောက်လျှောက် ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ လူအတော်များများက ဒီစမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ခဲ့ကြတာပါ။ အကြောင်းကတော့ ဒေါ်လာ (၅၀) တန်ကိုပြပြီးလဲခိုင်းတဲ့အခါ အကြွေစေ့ (၅) ဒေါ်လာပေးပြီး ဒေါ်လာ (၅၀) တန်ကို သိသိကြီးနဲ့ ပြန်ယူသွားခဲ့ကြလို့ ဖြစ်ပါတယ်။

ရိုးသားသူတချို့ကတော့ ဘိုင်လီကိုင်ထားတာက (၅) ဒေါ်လာတန်မဟုတ်ဘဲ ဒေါ်လာ (၅၀) တန်ဖြစ်ကြောင်း သူငွေလဲလှယ်ပေးဖို့ပြောလာချိန်မှာ သတိပေးခဲ့ကြ

ရိုးသားသူတချို့ကတော့ ဘိုင်လီကိုင်ထားတာက (၅) ဒေါ်လာတန်မဟုတ်ဘဲ ဒေါ်လာ (၅၀) တန်ဖြစ်ကြောင်း သူငွေလဲလှယ်ပေးဖို့ပြောလာချိန်မှာ သတိပေးခဲ့ကြပါတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ချွတ်ယွင်းနေတဲ့သူတွေရှိရှိ လူတချို့ဆီမှာတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို အခွင့်အရေးမယူတတ်ဘဲ နှလုံးသားထဲအထိဖြူစင်ပြီး လှပတဲ့စိတ်ထားလေးတွေ ရှိနေကြောင်းကို ဒီဗီဒီယိုလေးကနေတစ်ဆင့် သိရှိခဲ့ရပါတယ်။

ဘိုင်လီလေးတစ်ယောက် ဒေါ်လာ (၅၀) တန်တစ်ရွက်နဲ့ အလိမ်ခံနေရတဲ့ ဗီဒီယိုကိုတော့ အောက်ပါလင့်ခ်ကေနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/2Ex6dhU

Ref: Elitereaders “Sad Social Experiment Shows People Stealing Money From A 12-Year-Old ‘Blind’ Kid”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top