Mobile Legends ဂိမ်းအတွက် ဘဏ်ကပိုက်ဆံခိုးခဲ့တဲ့အမျိုးသမီး အဖမ်းခံလိုက်ရ

Capture-2.png

Mobile Legends ဟာ အရှေ့တောင်အာရှမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုပါ။ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်မှ လာအိုနဲ့ မလေးရှားစတဲ့ နိုင်ငံတွေက လူသန်းပေါင်းများစွာဟာ ဒီဂိမ်းကို အပြိုင်အဆိုင် ကစားနေကြပါတယ်။ ဒါ့အပြင် ကစားသမားတွေဟာ ဂိမ်းထဲမှာ Premium Skin တွေရအောင် ပိုက်ဆံတွေ သုံးစွဲလာကြပါတယ်။

Mobile Legends ဟာ အရှေ့တောင်အာရှမှာ လူကြိုက်အများဆုံး ဂိမ်းတစ်ခုပါ

အင်ဒီုးရှား အမျိုးသမီးတစ်ဦးကတော့ ဂိမ်းထဲက Skin တွေ ဝယ်ယူဖို့ ဘဏ်ကနေ အင်ဒိုနီးရှားရူပီး ၁.၈၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၂၇,၄၉၈) ဖိုးကို ခိုးယူ သုံးစွဲခဲ့ပါတယ်။ RS လို့ ဖော်ပြထားတဲ့ အဲဒီ အမျိုးသမီးကို ဂျာကာတာရဲဌာနက မေလ (၁) ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပြီး သူ(မ)ရဲ့ ပြစ်မှုအတွက် နှစ်ရှည် ထောင်ဒဏ်ကို ကျခံရဖွယ်ရှိနေပါတယ်။

အင်ဒီုးရှား အမျိုးသမီးတစ်ဦးကတော့ ဂိမ်းထဲက Skin တွေ ဝယ်ယူဖို့ ဘဏ်ကနေ အင်ဒိုနီးရှားရူပီး ၁.၈၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၂၇,၄၉၈) ဖိုးကို ခိုးယူ သုံးစွဲခဲ့

ဂျာကာတာရဲဌာန အကြီးအကဲရဲ့ ပြောကြားချက်အရ ဂိမ်းထဲမှာ သူ(မ) ဝယ်ယူမှု လုပ်ပြီးတိုင်း သူ(မ) အကောင့်ကငွေတွေဟာ လျော့မသွားခဲ့ဘဲ တစ်နှစ်လောက်ထျ ဝယ်ယူမှုတွေ ဆက်လုပ်ခဲ့ကာ နောက်ဆုံးမှာတော့ ဘဏ်က မယုံသင်္ကာ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ရဲဌာနဆီ သူ(မ) ရဲ့အကြောင်း သတင်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် သူ(မ)ဟာ ခိုးယူမှု၊ တရားမဝင် ငွေလွှဲမှု စတဲ့စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါပြီ။ ဂိမ်းထဲမှာ Skin တချို့ကို ဝယ်ယူပြီးတိုင်း ဂိမ်းကစားသူရဲ့ RS ရဲ့အကောင့်က ငွေကိုမနုတ်ယူဘဲ ဘဏ်ကငွေတွေသာ နုတ်ယူနေခဲ့တာ ဖြစ်ပါတယ်။ သူ(မ)ဟာ ရူပီး (၁.၈၅) ဘီလီယံကို တစ်ကြိမ်တည်းနဲ့ သုံးစွဲပစ်လိုက်တာ မဟုတ်ပါဘူး။ တစ်ကြိမ်မှာ နည်းနည်းနဲ့ အကြိမ်ရေ သိန်းချီသုံးစွဲနေခဲ့တာ ဖြစ်ပါတယ်။

ထောင်ဒဏ်အနှစ် (၂၀) ကျခံရနိုင်ပြီး ဒဏ်ငွေ ရူပီး (၅) သန်းလောက်လည်း ပေးဆောင်ရဖို့ရှိ

သူ(မ) အနေနဲ့ ထောင်ဒဏ်အနှစ် (၂၀) ကျခံရနိုင်ပြီး ဒဏ်ငွေ ရူပီး (၅) သန်းလောက်လည်း ပေးဆောင်ရဖို့ရှိပါတယ်။ ဒါဟာ မိုဘိုင်းလ်ဂိမ်း တစ်ခုနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ ရှားရှားပါးပါး ပြစ်မှု တစ်ခုဖြစ်ပါတယ်။

Ref: www.worldofbuzz.com “Woman Who Cheated Bank of RM500,000 for Mobile Legends Could Be Jailed for 20 Years”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top