ကျွန်တော်တို့အားလုံးမှာ နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေ ရှိနေတတ်ကြပါတယ်။ ကြိုးစားပမ်းစားဖြေရှင်းရတာတွေမဟုတ်ပေမဲ့လည်း တစ်ခါတလေမှာ ဒီအသေးအဖွဲပြဿနာလေးတွေကိုပဲ ဖြေရှင်းဖို့ခက်နေပါတယ်။ အခုပြောပြပေးတာတွေကတော့ များသောအားဖြင့်ကြုံလာရတတ်တဲ့ ပြဿနာတချို့အတွက် ဖြေရှင်းနည်းတွေပါ။ ဖတ်ကြည့်လိုက်ပါဦး။
– ပူတဲ့အစားအသောက်တစ်ခုခုကို စားမိသောက်မိလိုက်လို့ လျှာအပူလောင်တဲ့အခါမျိုးမှာ သကြားနည်းနည်းလောက်စားပေးလိုက်တာက ထိရောက်တဲ့ သက်သာစေနည်းပါ။
– အဝတ်အစားတွေပေါ်ကို စွန်းပေသွားတဲ့ အစွန်းကွက်တွေကို ဘာနဲ့ဖျက်ရမယ်မသိဖြစ်နေရသူလား။ ကော်ဖီစွန်းရင် မုန့်ဖုတ်ဆိုဒါ၊ မိတ်ကပ်စွန်းရင် မုတ်ဆိတ်ရိတ်ခရင်မ်၊ မှင်စွန်းရင် နွားနို့၊ ဝိုင်နီစွန်းရင် ဆား စတာတွေသုံးပြီး သန့်စင်နိုင်ပါတယ်။
– ခေါင်းကိုက်တဲ့ဝေဒနာကို မြန်မြန်သက်သာစေတဲ့နည်းရှိပါတယ်။ သံပုရာသီးတစ်လုံးကိုယူ ထက်ဝက်ခြမ်းပြီး နဖူးပြင်ကို ပွတ်ပေးပါ။
– လက်သည်းဆိုးဆေးသုံးမယ်ဆို ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက်ထားပြီးမှသုံးကြည့်ပါ။ ပုံမှန်ထက် ပိုပြီး တောက်ပြောင်ချောမွေ့လာစေပါတယ်။
– အန်ဖတ်တွေကို သန့်ရှင်းရတဲ့ကိစ္စက မသတီစရာကောင်းလှပါတယ်။ ဒီလိုမဖြစ်ရဖို့အတွက် သန့်ရှင်းမယ့်အန်ဖတ်တွေအပေါ်ကို ကော်ဖီမှုန့်ဖြူးထားလိုက်ပါ။ ကော်ဖီမှုန့်က အနံ့ဆိုးတွေနဲ့ အရည်တွေကို ပျောက်သွားစေတာမို့ သန့်ရှင်းရတာကို ပိုလွယ်သွားစေပါလိမ့်မယ်။
– ဝက်ခြံပေါက်သူတွေအတွက်လည်း ကုသစရာဆေးနည်းတစ်ခုရှိပါတယ်။ ဇာတိဖ္ပိုလ်သီးအမှုန့် လက်ဘက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောမွှေကာ ဝက်ခြံတွေပေါ်မှာ လိမ်းပြီး နာရီဝက်လောက်လိမ်းထားလိုက်ပါ။ နေ့စဉ်ပြုလုပ်ပေးမယ်ဆို အချိန်ခဏအတွင်းမှာပဲသက်သာလာပါလိမ့်မယ်။
– ညဘက်တွေမှာ တော်တော်နဲ့ အိပ်မပျော်ဖြစ်နေရတယ်ဆိုရင် တစ်မိနစ်လောက် မျက်တောင်မြန်မြန်ခတ်ကြည့်လိုက်ပါ။ ပင်ပန်းနွမ်းနယ်လာတဲ့မျက်လုံးတွေကြောင့် အလွယ်တကူအိပ်ပျော်စေပါလိမ့်မယ်။
– နောက်ဆုံးအနေနဲ့ သကြားလုံးတွေ၊ ကိတ်မုန့်တွေ၊ အာလူးကြော်တွေ၊ အရောင်ချွတ်ထားတဲ့ပေါင်မုန့်၊ ချောကလက်၊ ရေခဲမုန့်နဲ့ အလွယ်စားတဲ့အစားအသောက်မှန်သမျှကို မစားဘဲ ၂၁ ရက်လောက်နေကြည့်လိုက်ပါ။ အံ့ဩလောက်အောင် နေလို့ထိုင်လို့ပိုကောင်းလာတာကို ခံစားလာရပါလိမ့်မယ်။
TH (ရိုးရာလေး)