အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာ ရှိနေတဲ့ English စကားလုံးများ

dictionary.jpg

စကားလုံး (Word) တစ်လုံးကို နေရာများစွာမှာ အသုံးပြုလို့ရတာကို သိကြမှာပါ။ ဥပမာ မြန်မာဘာသာစကားမှာဆိုရင်လည်း (ရပ်) ဆိုတာကို ရပ်တန့်၊ ရပ်စောင့်၊ ရပ်ကွက်၊ ရပ်ရွာ စသဖြင့် ပုံစံများစွာ သုံးလို့ရတာတွေရှိပါတယ်။

English စကားလုံးတွေထဲမှာလည်း အချို့စကားလုံးတွေဟာ ရာနဲ့ချီပြီး အဓိပ္ပာယ် ရှိနေပါတယ်။ အောက်မှာတော့ အဲဒီလို စကားလုံးတွေထဲက (၁၀) ခုကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။

(၁၀) Strike ( အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၂၅၀ မျိုး)

အားကစားပိုင်းဆိုင်ရာ အသုံးအနှုန်းတစ်ခုဖြစ်ပြီး ဘေ့ဘောကစားရာမှာလည်းကောင်း၊ ဘိုးလင်းလိမိ့ရာမှာလည်းကောင်း သုံးတာဖြစ်ပြီး တစ်ခုခုရဲ့ မျက်နှာပြင်ကို ထိခိုက်ကုတ်ခြစ်မိသွားရာမှာ သုံးလေ့ရှိပါတယ်။

(၉) Fall (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၂၆၄ မျိုး)

ကျဆင်းတာ၊ ပြုတ်ကျတာ သဖြင့် သုံးနှုန်းကျတာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ The leaves fall down (သစ်ရွက်တွေ ကြွေ ကျနေတယ်) ၊ The fall of Roman Empire (ရောမ အင်ပါယာ ကျဆုံးခန်း) စတာတွေပေါ့။ ကျသည်။ ပြုတ်ကျသည်။ လဲသည်။ လဲကျသည်။ လဲပြိုသည်။ လဲပြိုကျသည်။ ပြုတ်သည်။ ကျသည်။ ကြွေသည်။ ရွာသည်။ ဖားလျားကျသည်။ ဖားလျားချထားသည် စသဖြင့် များစွာရှိပါတယ်။

(၈) Put ( အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၂၈၆ မျိုး)

Put ရဲ့ အဓိပ္ပါယ်က Set နဲ့ အတော်လေးတူပါတယ်။ တပ်ဆင်သည်၊ ထည့်သွင်းသည် ဆိုတာမျိုးဖြစ်ပါတယ်။ တကယ်တန်းကတော့ Set ကို နေရာတိုင်း မသုံးချင်လို့ Put ကိုသုံးတာ ဖြစ်ပါတယ်။

(၇) Turn (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၂၈၈ မျိုး)

လှည့်တယ်၊ လှန်လိုက်တယ် ဆိုတဲ့ အသုံးအနှုန်းမျိူးဖြစ်ပါတယ်။ Rotating (လည်ပတ်ခြင်း) နဲ့မတူပါဘူး။ ပြောင်းလဲyစ်တာမျိုး အစဉ်လိုက်ဖြစ်သွားတာမျိုးကိုပြောချင်တဲ့ နေရာမှာ သုံးပါတယ်။

(၆) Get (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၂၈၉ မျိုး)

Turn ထက် တစ်မျိုးပဲ ပိုပြီး အဆင့် ၆ နေရာကိုရောက်နေတာပါ။ ရသည် လို့ အဓိကသုံးပြီး ရရှိသည်၊ သဘောပေါက်သည်၊ တတ်နိုင်သည် စသဖြင့် အဓိပ္ပာယ်များစွာရှိပါသေးတယ်။

(၅) Stand (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၃၃၄ မျိုး)

မတ်တပ်ရပ်သည် လို့တော့ အဓိက သိထားကြပြီး၊ We stand with you ( ကျွန်တော်တို့ ခင်ဗျားဘက်က ရပ်တည်ပါတယ်) လို့လည်း သုံးပါတယ်။ ထောင်သည်။ မြင့်သည်။ တည်သည်။ ရှိသည်။ ရပ်နေသည်။ ရေ၊ အရည်စသည်မစီးဘဲနေသည်။ အရည်အဖျော်စသည်ကိုအသာထားသည်။ တည်သည်။ မူတည်သည်။ အခြေအနေတစ်စုံတစ်ရာတွင်ရှိသည် စသဖြင့်ပေါ့။

(၄)Take (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၃၄၃ မျိုး)

ယူသည် လို့ အကြမ်းဖျဉ်းသိထားကြပြီး take a seat (ထိုင်ပါဦး)၊ take account (မှတ်ထားပါ)၊ take effect (အကျိုးသက်ရောက်မှု ရှိတယ်)၊ take part in (ပါဝင်လှုပ်ရှားတယ်) စသဖြင့် သုံးနိုင်ပါတယ်။

(၃) Go (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၃၆၈ မျိုး)

အဘိဓာန် ကိုဖွင့်ကြည့်လိုက်ရင်ပဲ ဘယ်လောက် အသုံးများတဲ့ စကားလုံးလဲ ဆိုတာ သိနိုင်ပါတယ်။ go (သွားသည်) go on(ဆက်လုပ်သည်)၊ going to die (သေခါနီးသည်)

(၂) Run (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၃၉၆ မျိုး)

ဥပမာ အနည်းငယ် အနေနဲ့ run about (ပျာယာခတ်နေသည်)၊ run across (အမှတ်တမဲ့ တွေဆုံသည်)၊ run away (ထွက်ပြေးသည်) တို့ဖြစ်ပါတယ်။ တော်တော်လေး အသုံးများတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။

(၁) Set (အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်း ၄၃၀)

Set နေရာမှာ Put ကိုသုံးလို့ အဆင်ပြေတဲ့ နေရာတွေ ရှိနေလို့ ၄၃၀ မျိုးသာ ရှိနေတာပါ။ မူရင်း အဓိပ္ပါယ် ကတော့ ထားသည်၊ ဆုံးဖြတ်သည်၊ ဝင်သည်၊ ကွယ်သည်၊ မြဲအောင် ဆက်သည် စသဖြင့် ဖြစ်ပြီးတော့ set about (ပျံနှံစေသည်) set apart (ချန်လှပ်ထားသည်) set fire (မီးတိုက်သည်) set in order(အစီအစဉ်တကျ ထားသည်) စတာတွေမှာ အများအပြားသုံးနိုင်မှာဖြစ်ပါတယ်။

Ref: Curiosity ”These 10 words have the most definitions in english”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top