ပိုမိုအောင်မြင်တဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတစ်ယောက် ဖြစ်လိုကြောင်း ရည်ရွယ်ထားတဲ့ Jordan Boy

41544209832_JordanBoy.jpg

ONE Super Series ၏ ကစားသမားတစ်ဦးဖြစ်သူ Mohammed ‘Jordan Boy’ Mahmoud သည် သူ၏ ပွဲဦးထွက် ကစားပွဲဖြစ်သော ONE: Destiny of Champions ကစားပွဲကြီးတွင် တစ်မြေတည်းသားပြိုင်ဖက်အား အနိုင်ရရှိခဲ့ပြီးနောက် ကျော်ကြားမှုအရှိန်ရလာခဲ့သည်။ အသက်၂၂ နှစ်အရွယ် Jordan Boy သည် ဂရိနိုင်ငံသား Stergo Mikkos အား အင်အားပြင်းထန်သော တံတောင်ဆစ်အားအရှိန်ဖြင့် ထိုးနှက်လိုက်ချိန်တွင် အုံးအုံးကျွတ်ကျွတ်ဖြစ်နေသည့် ပရိတ်သတ်များမှာ ပို၍ဆူညံထကြွလာကာ ၎င်း၏ အောင်ပွဲအထိမ်းအမှတ် ဖြစ်ခဲ့လေသည်။

Jordan Boy သည် ပွဲဦးထွက်ပြိုင်ပွဲ၏ အဖွင့်အချီ၌ပင် အရှိန်အဟုန်ဖြင့်အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြင့် ONE သို့ အလာကောင်းဖြင့်ရောက်ရှိလာခဲ့သည်။ ယခုအခါ Mohammed ‘Jordan Boy’ Mahmoud သည် လာမည့် ၂၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပမည့် ONE: Hero’s Ascent ပြိုင်ပွဲကြီးတွင် ဂျပန်နိုင်ငံသား Hiroaki Suzuki နှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန်အတွက်စီစဉ်ထားခဲ့သည်။

Mohammed ‘Jordan Boy’ Mahmoud သည် ၎င်း၏ ဘဝတွင် ပထမဦးဆုံးအနေဖြင့် ဇာတိမြေ မလေးရှားနိုင်ငံမှ ထွက်ခွာယှဉ်ပြိုင်ရမည့်အတွက်လည်း အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိသည်။

“သူတို့ ကျွန်တော့်ကို အခွင့်အရေး နောက်ထပ်တစ်ခေါက်ပေးဖို့ ဖိတ်ခေါ်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ စွမ်းရည်တွေကို ထပ်ပြီး တိုးတက်စေမှာဖြစ်လို့ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားခဲ့ပါတယ်” ဟု Jordan Boy က ဆိုခဲ့သည်။ “ဒီတစ်ကြိမ်ဟာ ကျွန်တော့်အတွက် မနီလာမြို့မှာ ပထမဆုံးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီမြို့ကို ကိုယ်တိုင်တွေ့ကြုံဖို့အတွက်နှင့် ကမ္ဘာ့ထိပ်တန်းကိုယ်ခံပညာသိုင်းသမားတွေကို
တွေ့မြင်ရဖို့ မစောင့်နိုင်တော့ လောက်အောင်ပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်နောက်ထပ် အလဲထိုးမှတ်တမ်းတစ်ခုကို ရယူချင်ပါသေးတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။

Mahmoud သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ မရောက်ခင် အပျော်တမ်းကစားသမားအဆင့်မှာပင် ထင်ရှားကျော်ကြားခဲ့သူတစ်ယောက်ဖြစ်သည်။ PLG Tournament Championship ကဲ့သို့သော အဖွဲ့အစည်းများနှင့် MuayFight Championship များမှ ချန်ပီယံခါးပတ်များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာချိန်မှ စ၍ Mahmoud သည် ရရာအခွင့်အရေးမှန်သမျှကို လက်မလွှတ်တမ်းရယူရင်း တိုးတက်မှုများ လျင်မြန်အောင် အဆက်မပြတ်ရှာဖွေကြိုးစားခဲ့သူဖြစ်သည်။

“ကျွန်တော် ONE: Destiny of Champions ကို ရောက်လာပြီးမှ ကစားသမားများစွာကို တွေ့ခွင့်ရတဲ့အတွက် သူတို့ဆီကနေ အခုလိုအောင်မြင်မှုရဖို့ ဘယ်လိုလေ့ကျင့်ခဲ့ရသလဲဆိုတာကို မေးခွင့်လဲရပါတယ်။ ကျွန်တော့်ရဲ့ တက်လမ်းအတွက် ကစားသမားတွေများများကို တွေ့ကြည့်ရင်း မေးကြည့်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော် ပိုပြီးမေးလေ ကျွန်တော့်အတွက ္ပိုကောင်းလေပါ” ဟု ၎င်းက ထပ်မံဆိုထားသည်။

Mahmoud သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ONE: Conquest of Champions ပြိုင်ပွဲကြီး၌ ပွဲဦးထွက် ကစားပွဲအနေဖြင့် အနိုင်ရရှိခဲ့သည့် ၎င်း၏ ပြိုင်ဖက်ဖြစ်သူ Suzuki နှင့် မကြာမီတွင် အကြိတ်အနယ် ယှဉ်ပြိုင်သွားတော့မည်ဖြစ်သည်။

“Suzuki ဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ကစားသမားတစ်ယောက်ပါ။ သူ့မှာထိုးချက်ပြင်းပြင်းတွေနဲ့ အောင်ပွဲမှတ်တမ်းများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဒီလိုမျိုးအဆင့်ရှိတဲ့ ကစားသမားတစ်ယောက်နဲ့ အတူတူ ယှဉ်ပြိုင်ကစားခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ အရမ်းအားရဖွယ်ပါ။ စိတ်ဝင်စားဖွယ်ရာ တွဲဆိုင်းတွေလည်း တော်တော်များပါတယ်။ ONE Super Series ရဲ့ ပွဲစဉ်တွေကတော့ အနည်းငယ်ပဲရှိတာမို့ ပိုပြီး စိတ်လှုပ်ရှားစရာပါပဲ” ဟု ၎င်းက ဆိုသည်။

လာမည့် ဇန်နဝါရီလ၏ ပွဲစဉ်များထဲမှ အဓိကပွဲဆိုင်းမှာ ONE ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်လုပွဲဖြစ်ပြီး Geje Eustaquio နှင့် ယခင်ချန်ပီယံခါးပတ်ပိုင်ရှင် Adrian Moraes တို့နှစ်ဦးကြား ဆုံးဖြတ်ရခက်ခဲစေမည့် တွဲဆိုင်းဖြစ်နေပါသည်။

Ref: ONE Championship “Jordan Boy Aims to Get Better and Better as a Martial Artist”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top