ဆံရစ်မွေးပုံစံကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ တရုတ်တိရစ္ဆာန်ဉယျာဉ်က ခြင်္သေ့

30-5-2022-yyl-09.jpg

ကွမ်းကျိုတိရစ္ဆာန်ဉယျာဉ်မှာ ရှိတဲ့ ခြင်္သေ့တစ်ကောင်က သူ့ရဲ့ထူးဆန်းတဲ့ဆံရစ်မွေးနဲ့လည်ဆံမွေးပုံစံကြောင့် နာမည်ကြီးနေပါတယ်။ မေလ ၂၈ ရက်နေ့က အဲဒီတိရစ္ဆာန်ဉယျာဉ်ကို သွားလည်ခဲ့သူတစ်ဉီးက ထူးဆန်းတဲ့ဆံရစ်မွေးပုံစံနဲ့ ခြင်္သေ့ရဲ့ပုံတွေရဲ့ သူ့ရဲ့ Little Red Book (Xiaohongshu) ပေ့ချ်မှာ တင်ခဲ့ပါတယ်။

ခြင်္သေ့ရဲ့နဖူးပေါ်ဝဲချထားတဲ့ရှေ့ဆံရစ်အတိပုံစံဖြစ်နေပြီးတော့ လည်ဆံမွေးက အဖျားရှုသွားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက အဲဒီခြင်္သေ့ရဲ့ပုံတွေကို မြင်ပြီး အမျိုးမျိုးပြောဆိုခဲ့ကြပါတယ်။ အသုံးပြုတစ်ဉီးကတော့ ဆံရစ်ပုံစံက ခြင်္သေ့ရဲ့ခံ့ညားထည်ဝါပုံစံကို ပျောက်သွားစေတဲ့အတွက် မလိုက်ဖက်ဘူးလို့ မှတ်ချက်ပြုပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က အဲဒီခြင်္သေ့ကို မြင်ခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူကတော့ အဲဒီတုန်းက ခြင်္သေ့မှာ အဲဒီလိုဆံရစ်ပုံစံမျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။ ခြင်္သေ့ရဲ့ဓာတ်ပုံတွေကို တင်ခဲ့တဲ့သူက ဒီထူးဆန်းတဲ့ပုံစံမျိုးကို တိရစ္ဆာန်ဉယျာဉ်မှူးတွေ လုပ်ပေးခဲ့တာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

နောက်ထပ်အသုံးပြုသူတစ်ဉီးကလည်း ဒီစတိုင်မျိုး ညှပ်ဖို့ ခြင်္သေ့က အရမ်းယဉ်ပါးနေတာလား (ဒါမှမဟုတ်) တိရစ္ဆာန်ဉယျာဉ်မှူးတွေပဲ ဇွဲကောင်းနေတာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ အမွေးညှပ်ရုံနဲ့ ဒီလိုပုံစံမျိုးဖြစ်မှာမဟုတ်ဘူး။ ညှပ်တာအပြင် လျော်တာ၊ လေမှုတ်တာတွေ လိုလိမ့်မယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကွမ်ကျိုးသတင်းဌာနတစ်ခုကို တိရစ္ဆာန်ဉယျာဉ်ရဲ့ ဝန်ထမ်းတစ်ဉီးက တိရစ္ဆာန်ဉယျာဉ်မှူးတွေဟာ ခြင်္သေ့ရဲ့အမွေးကို ညှပ်ပေးထားတာမဟုတ်ဘူး၊ ဘယ်တော့မှ ညှပ်မပေးရဲကြဘူး၊ ဒီဆံရစ်စတိုင်က ကွမ်ကျိုးမြို့ရဲ့ လေထုအတွင်း စိုထိုင်းမှုပမာဏကြောင့်ဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီခြင်္သေ့က ကြောင်တစ်ကောင်လုပ်သလို သူ့ရဲ့ခြေလက်တွေကို လျှာနဲ့လျက်တယ်၊ခြေသည်းလက်သည်းတွေနဲ့ အမွေးတွေကို ကုတ်ပစ်တယ်။ အဲဒါကြောင့်ပဲ ခြင်္သေ့ရဲ့လည်ဆံမွေးပုံစံက တဖြည်းဖြည်းချင်းပြောင်းလဲသွားခဲ့တယ်လို့ ပြောပါတယ်။

Ref: Mothership “Lion in China zoo goes viral for fringe, zookeepers deny giving it haircut”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top