(၂၀၁၈) ခုနှစ်အတွင်း ကမ္ဘာ့အလုံခြုံဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံ (၅) နိုင်ငံ

061e898c-637e-477c-b9a3-2f1e382c0dbe.hw1_.jpg

Institute for Economics and Peace ကနေ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတွေစာရင်းကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ပေးနေကျဖြစ်ပါတယ်။ ယခု (၂၀၁၈) ခုနှစ်မှာလည်း အဲဒီစာရင်း ထွက်လို့လာပါပြီ။ သင့်အနေနဲ့ နိုင်ငံရပ်ခြားကို သွားလည်ဖို့အစီအစဉ်ရှိတယ်ဆိုရင် ဘယ်လိုနိုင်ငံမျိုးက

လုံခြုံစိတ်ချရပြီး စိတ်အေးလက်အေးသွားလည်လို့ရတဲ့ နိုင်ငံဖြစ်မလဲဆိုတာ လေ့လာထားဖို့လိုပါတယ်။ ကဲ … လေ့လာကြည့်လိုက်ကြရအောင်။

၁။ အိုင်ယာလန်(Ireland)

အိုင်ယာလန်ဟာ နိုင်ငံရေးအရှုပ်အရှင်းကင်းပြီး ဆိုးဆိုးဝါးဝါးအမှုအခင်းတွေလည်း မရှိတဲ့အတွက် (၂၀၁၈) ခုနှစ်မှုတော့ အလုံခြုံဆုံးနိုင်ငံ (၁၀) ခုစာရင်းထဲကို ဝင်လာခဲ့တာပဲဖြစ်ပါတယ်။ သင်က စိမ်းလန်းနေတဲ့ တောင်ကုန်းလွင်ပြင်တွေဆီမှာ ပျော်မွေ့ချင်ပြီး ဘီယာကောင်းကောင်းလေးလည်း ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ အိုင်ယာလန်ကို မဖြစ်မနေသွားသင့်ပါတယ်။ ကဲ … အသောက်အစားလေးကိုတော့ ခဏထားလိုက်ပါဦးမယ်။ အိုင်ယာလန်ရဲ့ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ။ သမိုင်းမတိုင်မီခေတ်ထဲက အစဉ်အလာကြီးမားခဲ့တဲ့နိုင်ငံလို့ ပြောလို့ရပါတယ်။ ဒဏ္ဍာရီပုံပြင်တွေ၊ သမိုင်းအမှတ်အသားတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို လေ့လာချင်တဲ့သူ၊ စိတ်ဝင်စားတဲ့သူဆိုရင်တော့ အိုင်ယာလန်ကို မဖြစ်မနေသွားရောက်သင့်ပါတယ်။ အိုင်ယာလန်ရဲ့ ဒဏ္ဍာရီလာမှင်စာလေးတွေကလည်း နာမည်ကြီးပါပဲ။

၂။ ဂျပန် (Japan)

ဂျပန်ဟာ တခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆို လူသတ်မှုရာခိုင်နှုန်းနည်းတဲ့အတွက် ကမ႓ာ့အလုံခြုံဆုံးနိုင်ငံစာရင်းထဲ ဝင်လာရတာပဲဖြစ်ပါတယ်။ သို့ပေမဲ့လို့ ဂျပန်နိုင်ငံရဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေကတော့ မြင့်တက်နေတုန်းပါပဲ။ နည်းပညာအရမ်းထွန်းကားနေတဲ့ နိုင်ငံဖြစ်တာကြောင့် အခုချိန်သွားရင်တော့ အကောင်းဆုံးပါပဲ။ (၂၀၂၀) ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ပြည်ပခရီးသွားဦးရေဟာ (၂) ဆတိုးမြင့်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂျပန်ကိုသွားလည်မယ်ဆို Onsen ရေပူစမ်းလေးကိုတော့ရောက်အောင်သွားကြပါ။ Onsen ရေပူစမ်းဟာဆိုရင် ခန္ဓာကိုယ်က အကြောအချဉ်တွေကို ပြေလျော့စေပြီး တခြားရောဂါပိုးတွေကိုလည်း သေစေနိုင်တဲ့ ရိုးရာရေပူစမ်းလေးပဲဖြစ်ပါတယ်။

၃။ စင်္ကာပူ (Singapore)

စည်းကမ်းတွေ၊ ဥပဒေတွေတင်းကျပ်လွန်းတဲ့နိုင်ငံဖြစ်တာကြောင့် ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတွေစာရင်းထဲ စင်္ကာပူပါလာရတာက အံ့ဩစရာတော့ မရှိပါဘူး။ စင်္ကာပူက ခရီးသွားပြည်သူတိုင်းရဲ့ အိပ်မက်ဖြစ်နေပြီးသားဆိုတော့ ဘယ်လောက်နေထိုင်မှုအဆင့်အတန်းမြင့်ပြီး သဘောထားကွဲလွဲမှုတွေ မရှိတဲ့နိုင်ငံလဲဆိုတာကို အထူးတလည်ပြောစရာ မလိုတော့ဘူးထင်ပါတယ်။ အရောင်းအဝယ်လုပ်ငန်းရော၊ ဘဏ်လုပ်ငန်းရောက ထိပ်ဆုံးမှာရပ်တည်နေတဲ့နိုင်ငံဖြစ်တာမို့ စီးပွားရေးအင်းအားတောင့်တင်းတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ပြည်ပခရီးသွားတွေကိုဆွဲဆောင်ထားတဲ့ စင်တာတွေကလည်း မှိုလိုပေါပါတယ်။ မြန်မာလူမျိုးတော်တော်များများလည်း ရောက်ဖူးပြီးသားဖြစ်နေတာမို့ ရင်းနှီးနေလောက်ပါပြီ။

၄။ ကနေဒါ (Canada)

ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတွေစာရင်းထဲမှာ ကနေဒါလည်း ပါဝင်လာပါပြီ။ ကနေဒါကိုသွားကြည့်ပါ။ မတူညီတဲ့ ကမ႓ာထဲရောက်သွားသလို ခံစားရပါလိမ့်မယ်။ အလှပဆုံးသော သဘာဝတရားတွေ၊ အဆန်းဆုံးသော စွန့်စားခန်း စိမ်ခေါ်မှု (adventure challenge) တွေအားလုံးကို ကနေဒါမှာ ကြိုးစားကြည့်လို့ရပါတယ်။ လေထီးခုန်တာ၊ အမြင့်ခုန်တာတို့လိုမျိုးပေါ့။

၅။ ဒိန်းမတ် (Denmark)

ဒိန်းမတ်ကို အလှဆုံးနိုင်ငံအနေနဲ့တင်မဟုတ်ဘဲ နေဖို့အကောင်းဆုံးနိုင်ငံအဖြစ်နဲ့ပါ တစ်ကမ္ဘာလုံးက သတ်မှတ်ထားကြပါတယ်။ ရေလက်ကြားတွေ၊ ကမ်းခြေတွေနဲ့ တခြားသဘာဝတရားတွေကြား လှချင်တိုင်းလှနေတဲ့ ဒိန်းမတ်ကို ခရီးသွားချစ်သူတိုင်း တစ်ခါလောက်တော့ ရောက်ဖူးတယ်ရှိအောင် သွားကြည့်သင့်ပါတယ်။

Ref: Newsrepublic “Here Is a List of World’s Safest Countries in 2018”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top