Personal Photographer တစ်ယောက် အလိုရှိနေတဲ့ သြစတြေးလျမီလျံနာ

yyl-012-15.jpg

မီလျံနာတစ်ဦးရဲ့ Personal Photographer တစ်ယောက်ဖြစ်ချင်ကြလား။ သြစတြေးလျလူမျိုး အသက် (၂၇) နှစ်အရွယ် မက်သရူး လီပရီ (Matthew Lepre) ဆိုသူ မီလျံနာတစ်ဦးက အင်စတာဂရမ်မှာပုံတင်ဖို့ ခရီးထွက်တဲ့အခါတိုင်း သူ့ကို ဓာတ်ပုံရိုက်ပေးမယ့် ဓာတ်ပုံဆရာတစ်ဦးအလိုရှိနေပါတယ်။ အဲဒီဓာတ်ပုံဆရာအတွက် နှစ်စဉ်လစာအနေနဲ့ သြစတြေးလျဒေါ်လာ (၅၅,၀၀၀) ပေးမယ်လို့ဆိုပါတယ်။

မီလျံနာမက်သရူးက သူ့ရဲ့အင်စတာဂရမ်မှာ အလုပ်ခေါ်စာကို ဒီဇင်ဘာ (၁၈) ရက်နေ့က တင်ခဲ့တာဖြစ်ပါတယ်။ Personal Photographer က သူနဲ့အတူ သူငယ်ချင်းတွေကိုပါ ခေါ်လာခွင့်ရှိပြီး မက်သရူးက ဓာတ်ပုံဆရာရဲ့သူငယ်ချင်းတွေအတွက် ကုန်ကျစရိတ်ကို သူပဲ ပေးမှာဖြစ်ပါတယ်။ Personal Photographer က အတွေ့အကြုံရှိစရာမလိုဘဲ ဖုန်းတစ်လုံးသာ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့အတွက် ဓာတ်ပုံဆရာက အချိန်မရွေးခရီးထွက်နိုင်ရပါမယ်။ သူနဲ့အတူ အခြားနိုင်ငံတွေသွားဖို့အတွက် ဓာတ်ပုံဆရာက သူ့ရဲ့ကိုယ်ပိုင်အလုပ်တွေကို ချက်ချင်းဖျက်သိမ်းပေးနိုင်တဲ့သူဖြစ်ရမယ်လို့ ဆိုပါတယ်။ မက်သရူး အလုပ်ခေါ်တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ အခုနှစ်အစောပိုင်းမှာလည်း လစာ သြစတြေးလျဒေါ်လာ (၅၂,၀၀၀) နဲ့ အတွင်းရေးမှူးအလိုရှိကြောင်း အလုပ်ခေါ်စာတင်ခဲ့ပါသေးတယ်။ လျှောက်ထားသူ (၆၀,၀၀၀) ခန့်မှ သြစတြေးလျလူမျိုး Tyanna De Assis က ရသွားခဲ့ပါတယ်။

မက်သရူး လီပရီက ဘယ်သူလဲဆိုရင် အရင်က သူဟာ မိခင်နဲ့ မွေးချင်းမောင်နှမ (၂) ဦးတို့နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ တက္ကသိုလ်ကျောင်းထွက်တစ်ယောက်ပါ။ သူတို့မိသားစုက ငွေရေးကြေးရေးအခက်အခဲရှိခဲ့ပြီး စားသောက်ဖို့ရာ ပရဟိတအဖွဲ့အစည်းက အစားအသောက်တွေကို မှီခိုခဲ့ရပါတယ်။ အဲဒီနောက်မှာ သူက သွားဆေးတက္ကသိုလ်ကို တက်ရောက်ခဲ့ပေမဲ့ သူ့မိခင် ရှာဖွေကျွေးနေတာကို မကြည့်ရက်ခဲ့တဲ့အတွက် အွန်လိုင်းပစ္စည်းရောင်းရင်း ပိုက်ဆံရှာဖို့ ကျောင်းထွက်ခဲ့ပါတယ်။ နောက်ဆုံးမှာ သွားဆေးတတ်နေတဲ့ ကျောင်းသားတွေကို E- Books ရောင်းချရင်းနဲ့ အောင်မြင်မှုရရှိခဲ့ပါတော့တယ်။ ဒါက သူ့ရဲ့ပထမဆုံး E-business ဖြစ်တဲ့ Digital Warriors ကို စတင်မိတ်ဆက်ခဲ့တာပါပဲ။

Ref: Australian millionaire, 27, offering annual salary of S$51,000 for personal photographer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top