အသက် (၇) နှစ် ကလေးမလေးရဲ့ မြင်သူတိုင်းကြက်သီးထသွားစေမယ့် မွေးနေ့အမှတ်တရဓာတ်ပုံတွေ

28-9-2020-yyl-011.jpg

စာဖတ်ပရိသတ်တွေဆို မွေးနေ့အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် လှတပတလေးတွေဝတ်စားပြီး နောက်ခံရှုခင်းအမိုက်စားနဲ့ အလန်းစားဓာတ်ပုံတွေ ရိုက်ဖြစ်ကြမှာမလား။ အသက် (၇) နှစ်အရွယ် ကလေးမလေးတစ်ယောက်ကတော့ စာဖတ်ပရိသတ်တွေလိုမျိုးမဟုတ်ဘဲ သူ့ရဲ့မွေးနေ့အတွက် သရဲဇာတ်ကားထဲက သရဲဇာတ်ကောင်ပုံစံလို ဝတ်ဆင်ခြယ်သကာ ဓာတ်ပုံရိုက်ကူးခဲ့တာပါ။

လူပုံစံတင် သရဲလိုဝတ်ဆင်ထားတာမဟုတ်ဘဲ နောက်ခံကလည်း သရဲဇာတ်ကားထဲကပုံစံအတိုင်း ပြင်ဆင်ထားပါတယ်။ တချို့လူတွေဆိုရင် သရဲလိုမျိုးဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ရမှာကို ကြောက်ကြပေမဲ့ ဒီကလေးမလေး ကိုယ်တိုင်ကိုက မကြောက်ဘဲ သရဲမပုံစံလိုမျိုး ရိုက်ချင်ခဲ့တာပါ။

အဲဒီကလေးမလေးကို သူ့အဖေဓာတ်ပုံဆရာကိုယ်တိုင်က ဓာတ်ပုံရိုက်ပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေကို သူ့မိသားစုရဲ့ Trickey Photography ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ တင်ခဲ့ပြီး လူအများအပြားရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ ကလေးမလေးရဲ့အဖေဓာတ်ပုံဆရာက Trickey Photography နာမည်နဲ့ မိသားစုပုံနဲ့ ကလေးပုံတွေကို အဓိကထားရိုက်ကူးဖြစ်ပါတယ်။

ကလေးမလေးက သူ့အသက် (၇) နှစ်ပြည့်မွေးနေ့အတွက် The Grudge ဇာတ်ကားထဲက သရဲမလို ဝတ်ဆင်ပြီး ရိုက်ကူးမယ်ဆိုတာ ကလေးမလေးရဲ့ စိတ်ကူးအကြံဉာဏ်ပါပဲ။ပြီးခဲ့တဲ့နှစ်မွေးနေ့တုန်းကတော့ IT ဇာတ်ကားထဲက Pennywise လိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပေမဲ့ အခုနှစ်မှာတော့ The Grudge ဇာတ်ကားထဲက အူတိုတတ်တဲ့ခင်ပွန်းရဲ့သတ်ဖြတ်မှုကိုခံခဲ့ရပြီး သရဲဖြစ်သွားခဲ့တဲ့ အိမ်ထောင်ရှင်မ ကာရာတို(Kayako) ရဲ့ ပုံစံအတိုင်းဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

ပြင်ဆင်ခြယ်သထားတဲ့ မိတ်ကပ်ကစလို့ Pose ပေးရိုက်ခဲ့တဲ့ အခန်းအပြင်အဆင်တွေအထိ ကြည့်ရှုသူတိုင်းကို ကြက်သီးထစေနိုင်ပါတယ်။ အဲဒီဓာတ်ပုံတွေက ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကို ဆွဲဆောင်စေခဲ့တဲ့အပြင် တစ်ချိန်တည်းမှာပဲ ကြောက်ရွံ့စေခဲ့ပါတယ်။ သရဲကြောက်တတ်တဲ့သူတွေကတော့ နေ့ခင်းဘက်မှာတောင် ကလေးမလေးရဲ့ဓာတ်ပုံတွေကို ကြည့်ရဲမှာတောင် မဟုတ်ပါဘူးနော်။

ကလေးမလေးရဲ့သရဲဇာတ်ကောင်အတိုင်းဝတ်ဆင်ထားတဲ့ပုံစံ၊ နောက်ခံအပြင်အဆင်တွေနဲ့ Pose ပေးထားတဲ့ပုံစံတွေက The Grudge ဇာတ်ကားထဲက သရဲမအတိုင်း တကယ်ကိုတူလှပါတယ်။ သရဲဇာတ်ကားအမျိုးအစားတွေရဲ့ ပရိသတ်တွေမဟုတ်တဲ့သူတွေအတွက် ကလေးမလေးရဲ့ဓာတ်ပုံတွေကနေတဆင့် ကြက်သီးထစေမှာ အသေအချာပါပဲ။ မွေးနေ့အမှတ်တရအနေနဲ့ အခြားသူတွေနဲ့မတူအောင် ကလေးမလေးရဲ့ထီထွင်နိုင်စွမ်းကတော့ သြချရာလောက်စရာပါ။ သရဲကြောက်တတ်တဲ့ စာဖတ်ပရိသတ်တွေလည်း သူ့ပုံတွေကို ကြည့်ပြီး ကြောက်မနေကြနဲ့နော်။ အထူးသဖြင့် ညဘက်တွေမကြည့်မိစေနဲ့နော်။

Ref: WorldofBuzz “Little Girl Has Grudge-Themed Photoshoot For Her Birthday”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top