ရိုက်ကူးရေးအပြီးမှာ ရုပ်ရှင်အဖွဲ့သားတွေကို နာမည်ကြီး LV အိတ်တွေ လက်ဆောင်ပေးခဲ့တဲ့ လျိုယိဖေး (ဂူဂူး)

6-6-2022-yyl05.jpg

သိမ်းငှက်သူရဲကောင်းတရုတ်ဇာတ်လမ်းတွဲနဲ့ ဂူဂူးလို့ မြန်မာပရိသတ်တွေ သိခဲ့ကြတဲ့ မင်းသမီးချောလေး လျိုယီ​ဖေးဟာ အဲဒီဇာတ်လမ်းတွဲပြီးကတည်းက ရုပ်ရှင်ကားတွေမှာပဲ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ သိမ်းငှက်သူရဲကောင်းမှာ ပါဝင်ခဲ့ပြီး ၁၆ နှစ်အကြာမှာတော့ A Dream of Splendor ဇာတ်လမ်းတွဲအသစ်မှာ ကျောက်ဖန့်အာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

သူ့ရဲ့တရုတ်နန်းတွင်းဇာတ်လမ်းတွဲဖြစ်တဲ့ A Dream of Splendor ကို ဇွန်လ ၂ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသနေပါပြီ။ ဒီဇာတ်လမ်းတွဲက ကောင်းတဲ့မှတ်ချက်တွေ ရရှိနေတဲ့အပြင် ကြည့်ရှုနှုန်းလည်း ကောင်းနေပါတယ်။ သတင်းထွက်ရှိချက်တွေအရ ဒီဇာတ်လမ်းတွဲရဲ့အောင်မြင်မှုက သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ​စေတနာမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုတွေကြောင့်လို့ သိရပါတယ်။

လျိုယိ​ဖေးက အဲဒီဇာတ်လမ်းတွဲရိုက်ကူးတဲ့အချိန် ရိုက်ကွင်းမှာရှိတဲ့သူတိုင်းရဲ့ပံ့ပိုးကူညီမှုအတွက် အရမ်းကျေးဇူးတင်ခဲ့တာပါ။ အဲဒါကြောင့် ရိုက်ကူးရေးအကုန်လုံးပြီးသွားတဲ့အချိန်မှာ ရုပ်ရှင်အဖွဲ့သားတွေကို နာမည်ကြီးတံဆိပ် Louis Vuitton အိတ်တွေကို လက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ သတင်းထွက်ရှိထားပါတယ်။

ရုပ်ရှင်အဖွဲ့သားတွေက ဘယ်လောက်ရှိလဲဆိုတာတော့ မသိရပေမဲ့ သတင်းဌာနတွေက အဖွဲ့သားတွေ တစ်ဒါဇင်ကျော်ရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အိတ်တစ်အိတ်ကို အနည်းဆုံး စင်ကာပူဒေါ်လာ ၁၀၀၀ ရှိတယ်လို့လည်း ဆိုထားပါတယ်။ လျိုယိဖေးကိုယ်တိုင်ကလည်း LV ရဲ့ Brand Ambassador တစ်ယောက်ပါပဲ။

သူ့ရဲ့တွဲဖက်သရုပ်ဆောင် မင်းသမီးနှစ်ယောက်ဖြစ်တဲ့ လုရန် နဲ့ ဂျယ်လီတို့ကိုလည်း ဆွဲကြိုးတွေ ဝယ်ပေးခဲ့ပါတယ်။ ဂျယ်လီရဲ့ပြောစကားအရ ယိဖေးက အရမ်းတာဝန်ကျေတဲ့တွဲဖက်သရုပ်ဆောင်ဖြစ်ပြီး ရိုက်ကွင်းမှာ သူ့အပေါ်ကောင်းကောင်းဂရုစိုက်ခဲ့တဲ့အပြင် သူတို့နှစ်ယောက် သူငယ်ချင်းတွေလည်း ဖြစ်လာခဲ့တယ်​။

ဂျယ်လီက စျေးဝယ်ထွက်ဖို့ ယိဖေးကို ခေါ်ခဲ့ဖူးတယ်။ အိမ်မှာပဲ နေတတ်တဲ့ ယိဖေးက လိုက်ဖို့ သဘောတူခဲ့လို့ အံ့အားသင့်ခဲ့ရကြောင်း ဂျယ်လီက ပြောပြပါတယ်။ သူတို့အတူ စျေးဝယ်ထွက်ရမှာကို ယိဖေးက အရမ်းပျော်ပြီး မသွားခင်ညက အိပ်မပျော်နိုင်ဖြစ်ခဲ့တယ်လို့လည်း ဂျယ်လီက ထုတ်ပြောပြခဲ့ပါတယ်။

A Dream of Splendor ဇာတ်လမ်းတွဲက အပိုင်း ၄၀ ပါဝင်ပြီး လျိုယိဖေး၊ လုရန်၊ ဂျယ်လီတို့နဲ့အတူ မင်းသား ချန်ရှောင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: 8dayssingapore “Liu Yifei Reportedly Gave Louis Vuitton Bags To The Crew Of A Dream Of Splendor When Filming Wrapped”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top