ပလတ်စတစ်ကို စားသောက်ပြီး ရှင်သန်တဲ့ ပိုးတုံးလုံးတစ်မျိုးကို တွေ့ရှိမှုဟာ

10-6-2022-yyl10.jpg

ပလတ်စတစ် ပြန်လည်အသုံးချရေး ကြိုးပမ်းမှုကို တစ်ခေတ်ဆန်းစေလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။ superworm လို့ လူသိများတဲ့ Zophobas morio ပိုးတုံးလုံးဟာ ပိုလီစတိုင်ရင်း(polystyrene)ကို စားသုံးပြီး ရှင်သန်နိုင်ကြောင်း သြစတြေးလျ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။ သူတို့ရဲ့ အူထဲမှာရှိတဲ့ အင်ဇိုင်းကြောင့် ပလတ်စတစ်တွေကို ချေဖျက်နိုင်တာဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

” Superworm တွေက ပလတ်စတစ် ပြန်လည်အသုံးချရေး စက်ရုံငယ်တွေလိုပါပဲ။ polystyrene တွေကို ပါးစပ်ကနေ ဝါးမျိုပြီး အူထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ကျွေးကြတာပါ” လို့ ဒေါက်တာ ခရစ္စရင်ကီက ပြောပါတယ်။ ကွင်းစ်လန်းတက္ကသိုလ်က သုတေသီအဖွဲ့ဟာ သီတင်းပတ် ၃ ကြာကာလအတွင်း superworm ၃ စုကို မတူညီတဲ့ အစာတွေ ကျွေးခဲ့တာပါ။ အဲဒီအထဲမှာ polystyrene ကို စားသုံးတဲ့ superworm တွေက ပိုကြီးထွားလာတာကို တွေ့ရှိခဲ့ပါတယ်။

superworm ရဲ့ အူထဲမှာရှိတဲ့ အင်ဇိုင်းတွေဟာ polystyrene နဲ့ styren တွေကို ချေဖျက်နိုင်စွမ်းရှိတာ တွေ့ရပါတယ်။ polystyrene နဲ့ styren ဟာ ပါဆယ်ထုတ်တဲ့ ဖော့ဘူးတွေ၊ အပူခံဖော့ပြားတွေနဲ့ ကားပစ္စည်းအစိတ်အပိုင်းတွေမှာ မြင်ရလေ့ရှိတဲ့ အရာတွေ ဖြစ်ပါတယ်။

အခုတွေ့ရှိမှုကြောင့် ပလတ်စတစ်ပစ္စည်း ပြန်အသုံးချ စက်ရုံ(recycling plant)အဖြစ် အသုံးပြုဖို့ ပိုးတုံးလုံးမွေးမြူရေးခြံတွေ တည်ဆောက်ဖို့တော့ မရှိပါဘူး။ ပလတ်စတစ်တွေကို ချေဖျက်ရာမှာ ဘယ်အင်ဇိုင်းက အထိရောက်ဆုံးလဲဆိုတာကို ခွဲခြားဖော်ထုတ်ပြီး recycle လုပ်ရာမှာ အသုံးပြုဖို့ အဲဒီအင်ဇိုင်းကို အကြီးအကျယ် ထုတ်လုပ်ဖို့ စဉ်းစားနေကြပါတယ်။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို စက်တွေနဲ့ ကြိတ်ခွဲပြီး အဲဒီအင်ဇိုင်းနဲ့ ချေဖျက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း တခြားသုတေသနအဖွဲ့တွေက ဘက်တီးရီးယားနဲ့ မှိုတွေ အသုံးပြုဖို့ ပလတ်စတစ်တွေကို အောင်မြင်စွာ ချေဖျက်နိုင်ခဲ့ဖူးပါတယ်။ ဒါပမေဲ့ အဲဒီနည်းပညာတွေက စီးပွားဖြစ်အသုံးပြုနိုင်လောက်တဲ့ အဆင့်အထိ ရောက်ရှိလာပါ့မလားဆိုတဲ့ မေးခွန်းတွေတော့ ရှိနေပါတယ်။

Ref: BBC ” Plastic-munching superworms offer hope for recycling”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top