2.8.23-yyl-1.jpg

ပါးစပ်ပေါက်ကျယ်လွန်းလို့ ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခု ချိုးထားတဲ့ အမျိုးသမီး

ဆာမန်သာ ရမ်စ်ဒယ်ဆိုသူက မက်ဒေါ်နယ်မုန့်တွေလို မုန့်ပမာဏအများကြီးကို တစ်လုပ်တည်းစားနိုင်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသူပါ။ တကယ်တော့ အဲဒီအမျိုးသမီးက ပါးစပ်ပေါက်ကျယ်လွန်းတာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန် ၂ ခုကို ကိုင်ဆောင်ထားတာပါ။ အသက် ၃၃ နှစ်အရွယ် ဆာမန်သာက ၂၀၂၁ ခုနှစ်မှာ…

28.7.23-yyl-6.jpg

၁ မိနစ်အတွင်း ၃၇၄ ခါ ကြိုးခုန်နိုင်ခဲ့လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ ဆယ်ကျော်သက်

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ဘယ်သူမှ မချိုးနိုင်ခဲ့တဲ့ ၁၀ နှစ်တာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးပစ်နိုင်ခဲ့ပါတယ်။ သူကတော့ တရုတ်နိုင်ငံ၊ ယွီယောင်မြို့က အသက် ၁၆ နှစ်အရွယ် ကျိုးချီဆိုတဲ့ ကောင်လေးပါ။ သူဟာ ဂျူနီယာအထက်တန်းကျောင်းပြီးထားရုံတင်ရှိပါသေးတယ်။ ကျိုးချီက ၁ မိနစ်အတွင်း…

1.5.2023-yyl-5.jpg

စိန်အလုံးရေ (၅) သောင်းကျော်နဲ့ ဖန်တီးထားတဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်လက်စွပ်

မွမ်ဘိုင်းမြို့က စိန်ရွှေရတနာဆိုင်ဟာ စိန်အလုံးရေအများဆုံးလက်စွပ်တစ်ကွင်းကို ဖန်တီးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်အသစ်ချိုးခဲ့ပါတယ်။ Hari Krishna Exports ကုမ္ပဏီ နဲ့ HK Designs စိန်ရွှေရတနာဆိုင်က စိန် (၅၀၉၀၇)လုံးနဲ့ လက်စွပ်ကို ပြုလုပ်ခဲ့တာကြောင့် လက်စွပ်တစ်ကွင်းမှာ စိန်အလုံးရေအများဆုံးဆိုတဲ့စံချိန်ကို ချိုးခဲ့တာပါ။…

22-12-2022-yyl-91.jpg

မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာ ၇၁၀ ခုကို ချိတ်ဆွဲပြီး စံချိန်ချိုးခဲ့တဲ့ အမျိုးသား

အိုင်ဒါဟိုပြည်နယ်က ဂျိုရယ် စထရက်ဆာဆိုတဲ့အမျိုးသားက သူ့ရဲ့မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာ ၇၁၀ ခုကို ချိတ်ဆွဲခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီဇင်ဘာ ၂ ရက်နေ့က သူဟာ လူတစ်ယောက်ရဲ့မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာအများဆုံးချိတ်ဆွဲနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးခဲ့ပါတယ်။ သူ့မုတ်ဆိတ်မွေးမှာ ချိတ်ဆွဲခဲ့တဲ့ ခရစ္စမတ်အဆင်တန်ဆာ…

13-6-2022-yyl08.jpg

ရေသူမအမြီးနဲ့ (၂၆.၂၂) မိုင် ရေကူးပြီး ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့သူ

“Eco Mermaid” လို့ လူသိများတဲ့ မာလီ လီဗန်ဒ် ဆိုတဲ့ အမျိုးသမီးဟာ ဆီလီကွန်ရေသူမအမြီးကို အသုံးပြုပြီး ၂၆.၂၂ မိုင် ရေကူးနိုင်ခဲ့တာကြောင့် မေလမှာ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။ အဏ္ဏဝါထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ ဆောင်းရာသီချန်ပီယံရေကူးသမား မာလီက ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီကမ်းလွန်မှာ…