စိန်အလုံးရေ (၅) သောင်းကျော်နဲ့ ဖန်တီးထားတဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်လက်စွပ်

1.5.2023-yyl-5.jpg

မွမ်ဘိုင်းမြို့က စိန်ရွှေရတနာဆိုင်ဟာ စိန်အလုံးရေအများဆုံးလက်စွပ်တစ်ကွင်းကို ဖန်တီးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်အသစ်ချိုးခဲ့ပါတယ်။ Hari Krishna Exports ကုမ္ပဏီ နဲ့ HK Designs စိန်ရွှေရတနာဆိုင်က စိန် (၅၀၉၀၇)လုံးနဲ့ လက်စွပ်ကို ပြုလုပ်ခဲ့တာကြောင့် လက်စွပ်တစ်ကွင်းမှာ စိန်အလုံးရေအများဆုံးဆိုတဲ့စံချိန်ကို ချိုးခဲ့တာပါ။

ဒီလက်စွပ်ကို စိန်ရွှေရတနာတွေဝယ်ယူတဲ့သူတွေဆီကနေ ပြန်ရရှိတဲ့ စိန်တွေ၊ အသုံးပြုပြီးသားရွှေတွေစတဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေနဲ့ လုံးဝပြုလုပ်ထားတာဖြစ်တယ်။ လက်စွပ်က ပန်းပွင့်တစ်ပွင့်ပေါ်မှာ လိပ်ပြာတစ်ကောင်နားနေတဲ့ပုံစံဖြစ်ပါတယ်။ ကျွမ်းကျင်ပန်းထိမ်ဆရာအဖွဲ့က လက်စွပ်ပေါ်မှာ စိန်တစ်လုံးစီကို လက်နဲ့သေချာဖန်တီးခဲ့တာပါ။

ဒီလက်စွပ်က ဒေါ်လာ ၇၈၅၆၄၅ ဝန်းကျင် တန်ဖိုးရှိပါတယ်။ ဒီလက်စွပ်ပြီးမြောက်ဖို့အတွက် ၉ လ အချိန်ယူခဲ့ရတာပါ။ ဖန်တီးတဲ့သူတွေက ဘယ်လိုပုံစံဖန်တီးရမလဲဆိုတာကို တော်တော်တွေးယူခဲ့ကြရတာပါ။ နောက်တော့မှ လိပ်ပြာတစ်ကောင်နားနေတဲ့ နေကြာပန်းစိန်လက်စွပ်ဖန်တီးဖြစ်ခဲ့ပါတယ်။

H.K Designs ဟာ ၂၀၀၅ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝှမ်းရှိ လက်လီလက်ကားရောင်းချတဲ့သူတွေဆီ စိန်တွေ တင်ပို့ပေးနေတဲ့ Hari Krishna Group ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က စိန်အလုံးရေ (၂၄၆၇၉) နဲ့မှိုပုံစံလက်စွပ်ပြုလုပ်ခဲ့တဲ့ SWA Diamonds က ဒီစံချိန်ကို ချိုးခဲ့တာပါ။

Ref: Mumbai Jeweller Makes Insane Ring With 50,907 Diamonds

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top