ပလတ်စတစ် ၁၃ ပေါင်လောက် စားမိထားတဲ့ ဝေလငါးသေတစ်ကောင် အင်ဒိုနီးရှားမှာ ကမ်းတင်လာခဲ့
ပြီးခဲ့တဲ့တစ်ပတ်က ဝေလငါးသေကြီးတစ်ကောင်ဟာ ပင်လယ်ထဲကမျောလာပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဝါကာတိုဘီ (Wakatobi) အမျိုးသားဥယျာဉ်ကြီးထဲက ကာပိုတာ (Kapota) ကျွန်းရဲ့ ကမ်းပေါ်မှာ ကမ်းတင်လာခဲ့ပါတယ်။ ဝေလငါးသေကြီးဟာ ၃၁ ပေအရှည်ရှိပြီး ဘယ်သို့ဘယ်ပုံ သေဆုံးခဲ့ရတယ်လို့ အပ်ချမတ်ချ စစ်ဆေးမရတော့အောင် ပျက်စီးနေခဲ့ပြီ…

