တောင်ကိုရီးယားနဲ့ အမေရိကန်က ဒုံးကျည် ၈ စင်းပစ်လွှတ်ပြီး မြောက်ကိုရီးယားကို တုံ့ပြန်

north-korea.jpg

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံက ဒုံးကျည် ၈ စင်း ပစ်လွှတ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းလွန်ဘက်ကို ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ တနင်္လာနေ့ နံနက်အစောပိုင်းမှာတော့ တောင်ကိုရီးယားနဲ့ အမေရိကန်က မြေပြင်မှ မြေပြင်ကို ပစ်ခတ်တဲ့ ဗျူဟာမြောက်ဒုံးကျည် ၈ စင်းကို ပစ်လွှတ်ခဲ့ကြပါတယ်။ တောင်ကိုရီးယားက ဒုံးကျည် ၇ စင်း၊ အမေရိကန်က ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ကျူးကျော်ရန်စမှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုက ပြောပါတယ်။

” တောင်ကိုရီးယားပြည်နယ်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာမှာ ဟာကွက်လုံးဝမရှိအောင် လုပ်ဆောင်သွားမှာပါ” လို့ ယွန်ဆွတ်ယိုက ပြောပါတယ်။

တောင်ကိုရီးယားဟာ အရင်အစိုးရတွေလက်ထက်တုန်းက အခုလို ဒုံးကျည်ပစ်လွှတ်မှုမျိုး လုပ်လေ့လုပ်ထ မရှိပါဘူး။ တောင်ကိုရီးယားက အခုလို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာဟာ သူတို့ရဲ့စစ်ရေးအင်အားကို ထုတ်ပြလိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးသုတေသီတွေက ပြောပါတယ်။

Ref: BBC ” South Korea and US fire missiles in warning to North Korea”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top