6-8-2021-yyl13.jpg

နှာခေါင်းမွေးက အအေးမိခြင်းနဲ့ဖျားနာခြင်းတွေကို တိုက်ဖျက်ဖို့အတွက် အရေးပါလား

ဆေးဘက်ဆိုင်ရာသီအိုရီတစ်ခုကတော့ နှာခေါင်းမွေးဟာ ကျွန်တော်တို့ရှူရှိုက်လိုက်တဲ့လေကိုစစ်ထုတ်ပေးပြီးလေကနေတဆင့်ဖြစ်ပွားတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေနဲ့ရောဂါပိုးတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဆေးပညာအရ vibrissae လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့နှာခေါင်းမွေးက ကူးစက်ရောဂါပိုးတွေကနေ ခုခံကာကွယ်ပေးတယ်ဆိုတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းကပါ။ ၁၉၈၆ ခုနှစ်မှာ The Lancet…

7-7-2021-yyl-20.jpg

ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေ ကိုဗစ်ကူးစက်ခံရရင် ကြုံတွေ့ရနိုင်မယ့် ရောဂါလက္ခဏာများ

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုက မပြီးဆုံးသေးတဲ့အပြင် ကိုဗစ်တတိယလှိုင်းတောင် ဖြစ်နေပါပြီ။ ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုက ထိရောက်မှုမရှိဘူးဆိုတဲ့ သက်သေပြချက်တွေလည်း တိုးလာနေပါတယ်။ အခုဆိုရင် ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း ကိုဗစ်ရောဂါကူးစက်ခံနေရပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပါရက်နဲ့ ကိုဗစ်ကူးစက်ခံနေရတဲ့သူတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူရဲ့ ကူးစက်နိုင်ခြေက မထိုးထားတဲ့သူနဲ့ ယှဉ်ရင်…

professional-head-massage.jpg

ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာသွေးကြောလေးတွေရှိနေပါတယ်။ ဒီသွေးကြောလေးတွေကိုကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ဦးရေပြားကိုနှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနော်။ ဦးရေပြားကိုနှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကဦးရေပြားကိုနှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။ သွေးတိုးကျစေနိုင်တယ် သွေးတိုးရောဂါက…

20-3-2020-yyl-007.jpg

အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုအတွက် အလေ့အကျင့်ကောင်းတွေ

အခုဆိုရင် COVID 19 က နိုင်ငံပေါင်း (၁၇၈) နိုင်ငံမှာ ပျံ့နှံံ့နေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက ရောဂါကူးစက်ခံရမှုကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြပါတယ်။ Mask ဝတ်တာ၊ လက်သန့်ဆေးရည်အသုံးပြုတာ၊ လက်ဆေးတာတွေပြုလုပ်နေကြပါတယ်။ ဒါပေမဲ့…