နှာခေါင်းမွေးက အအေးမိခြင်းနဲ့ဖျားနာခြင်းတွေကို တိုက်ဖျက်ဖို့အတွက် အရေးပါလား

6-8-2021-yyl13.jpg

ဆေးဘက်ဆိုင်ရာသီအိုရီတစ်ခုကတော့ နှာခေါင်းမွေးဟာ ကျွန်တော်တို့ရှူရှိုက်လိုက်တဲ့လေကိုစစ်ထုတ်ပေးပြီးလေကနေတဆင့်ဖြစ်ပွားတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေနဲ့ရောဂါပိုးတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဆေးပညာအရ vibrissae လို့ခေါ်တဲ့ ကျွန်တော်တို့ရဲ့နှာခေါင်းမွေးက ကူးစက်ရောဂါပိုးတွေကနေ ခုခံကာကွယ်ပေးတယ်ဆိုတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းကပါ။

၁၉၈၆ ခုနှစ်မှာ The Lancet ဆေးပညာဂျာနယ်မှာ ရေးသားတဲ့ အင်္ဂလိပ်ဆရာဝန်တွေက ပုံမှန်နှာခေါင်းပေါက်အများစုရဲ့အတွင်းပိုင်းက လုံးဝပိုးသတ်ပေးတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အခြားတစ်ဖက်ကကျတော့လည်း နှာခေါင်းပေါက်၊ အဲဒါနဲ့ဆက်စပ်နေတဲ့ နှာခေါင်းမွေးနဲ့ အဲဒီကနေဖြစ်လာတဲ့အပေါ်ယံလွှာတွေက ဘက်တီးရီးယားတွေနဲ့ပြည့်နေတယ်လို့ ဆိုပြန်ပါတယ်။ နှာခေါင်းမွေးက filter တစ်ခုအဖြစ် လုပ်ဆောင်ပြီး ပိုးမွှားအမြောက်အများတွေက အသက်ရှုလမ်းကြောင်းထဲမဝင်ရောက်နိုင်တော့ဘဲ နှာခေါင်းမွေးရဲ့စိုစွတ်တဲ့နေရာမှာပဲ ပိတ်မိနေတတ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါပေမဲ့နှာခေါင်းမွေးညှပ်တာက ပိုးမွှားတွေကို အသက်ရှူလမ်းကြောင်းထဲကို ပိုစိမ့်ဝင်စေနိုင်တယ်လို့ဆိုလိုတာလား။ ၂၀၁၁ ခုနှစ်ဝန်းကျင်က နှာခေါင်းမွေးသိပ်သည်းဆကို ရောဂါတစ်ခုရဲ့ဖြစ်နိုင်ချေဆက်စပ်မှုအနေနဲ့ သေသေချာချာလေ့လာခဲ့ကြပါတယ်။ လူနာ (၂၃၃ ဦး)ရဲ့ လေ့လာချက်တစ်ခုကို International Archives of Allergy and Immunology မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။

နှာခေါင်းမွေးပိုထူတဲ့လူတွေက ပန်းနာရင်ကျပ်ဖြစ်နိုင်ချေနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ သုတေသီတွေက နှာခေါင်းမွေးရဲ့filtration လုပ်ဆောင်ချက်ကြောင့် ဒီတွေ့ရှိချက်ကို လုပ်ဆောင်နိုင်ခဲ့တာပါ။ လေ့လာမှုချက်က အကျိုးနဲ့အကြောင်းမဖြစ်နိုင်တဲ့၊ ပန်းနာရောဂါက ကူးစက်မှုမဟုတ်တဲ့ စူးစမ်းလေ့လာချက်ဖြစ်ပါတယ်။ နှာခေါင်းမွေးနှုတ်တာက ပန်းနာရောဂါ (ဒါမှမဟုတ်) ကူးစက်ရောဂါဖြစ်နိုင်ခြေကို ဘယ်လို သက်ရောက်မှုဖြစ်စေနိုင်လဲဆိုတာကိုတော့ နောက်ဆက်တွဲလေ့လာချက်မလုပ်ခဲ့ကြပါဘူး။

၂၀၁၅ ခုနှစ်က ဆရာဝန်တွေဟာ နှာခေါင်းမွေးနှုတ်ခြင်းရဲ့အကျိုးသက်ရောက်မှုသိရဖို့ လေ့လာချက်တစ်ခုလုပ်ဆောင်ခဲ့ပြီး နှာခေါင်းမွေးနှုတ်တာက၊ညှပ်တာက နှာခေါင်းလေစီးဆင်းခြင်းမှာ တိုးတက်မှုဖြစ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ နှာခေါင်းမွေးအများဆုံးရှိတဲ့လူတွေမှာ တိုးတက်မှုကို မြင်တွေ့ခဲ့ရပါတယ်။ လေ့လာမှုရလဒ်တွေကို American Journal of Rhinology and Allergy မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။

ဒါပေမယ့် နှာခေါင်းလေစီးဆင်းမှုက ကူးစက်ရောဂါဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှုရှိနေလား။ ဒါက နှာခေါင်းမွေးမှာ ပိတ်မိနေတဲ့ ပိုပြီးကြီးမားတဲ့အမှုန့်တွေဖြစ်ပြီး ဗိုင်းရပ်စ်တွေကတော့ အဲဒါထက် ပိုပြီး သေးငယ်ပါတယ်။ ဗိုင်းရပ်စ်တွေက သေးငယ်လွန်းလို့ ဘယ်နည်းနဲ့မဆို နှာခေါင်းကနေ ဖြတ်သွားနိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းမွေးနှုတ်တာ၊ ညှပ်တာက လ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်ချေမြင့်မားစေမှာမဟုတ်ပါဘူး။

နှာခေါင်းမွေးနှုတ်တာ (သို့) ညှပ်တာတွေက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်ပွားနိုင်ခြေမြင့်မားစေတယ်ဆိုတဲ့ သေချာတဲ့ အထောက်အထားမရှိသေးပါဘူး။

Ref: Is nose hair important to fight off colds and other viral illnesses?


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top