အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုအတွက် အလေ့အကျင့်ကောင်းတွေ

20-3-2020-yyl-007.jpg

အခုဆိုရင် COVID 19 က နိုင်ငံပေါင်း (၁၇၈) နိုင်ငံမှာ ပျံ့နှံံ့နေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းက လူတွေက ရောဂါကူးစက်ခံရမှုကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြပါတယ်။ Mask ဝတ်တာ၊ လက်သန့်ဆေးရည်အသုံးပြုတာ၊ လက်ဆေးတာတွေပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်အန္တရာယ်ကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းက အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုကိုလည်း လေ့ကျင့်ပေးဖို့ပါပဲ။ COVID 19 က လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်ပျံ့နှံ့တဲ့အတွက် ကူးစက်ပျံ့နှံ့နိုင်တဲ့ အစပျိုးရာနေရာတွေကို ဖြတ်တောက်ပစ်ဖို့ အရေးကြီးပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုအတွက် အကောင်းဆုံးနည်းလမ်းတွေကတော့

ပါးစပ်ကို အုပ်ထားပါ

နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်ကို အမြဲတမ်းအုပ်ထားပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါ သင့်လက်တံတောင်ဆစ်ကွေးနဲ့ ပါးစပ်ကို အုပ်တာက အကောင်းဆုံးပါပဲ။ လက်ကိုင်ပုဝါ အသုံးပြုတာကို ရှောင်ပါ။ လက်ကိုင်ပုဝါက ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပေါက်ဖွားရာနေရာ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့်ပါ။ COVID 19 က အလွန်သေးငယ်တဲ့ အရည်စက်ကနေ ပျံ့နှံ့တဲ့အတွက် နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

တစ်ရှုးအသုံးပြုပါ

အပြင်သွားတဲ့အခါတိုင်း တစ်ရှုး အမြဲဆောင်ထားပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှုးကိုအသုံးပြုပြီး စိတ်ချတဲ့နေရာရောက်မှာ တစ်ရှုးကိုလွှတ်ပစ်လိုက်ပါ။ တစ်ရှုးကအသုံးပြုပြီး လွှတ်ပစ်လို့ရတဲ့အတွက် တစ်ရှုးအသုံးပြုတာက လက်ကိုင်ပုဝါအသုံးပြုတာထက်ပိုကောင်းပါတယ်။ ဒါက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ရာရောက်ပါတယ်။ သုံးပြီးသားတစ်ရှုးတွေကို လွှတ်ပစ်ပြီးတဲ့အခါတိုင်း အညစ်အကြေးတွေ၊ ပိုးမွှားတွေ မရှိဖို့အတွက် လက်ကို ဆပ်ပြာနဲ့ဆေးတာ၊ လက်သန့်ဆေးရည်အသုံးပြုတာတွေ အမြဲတမ်းလုပ်ပေးရပါမယ်။

ခပ်ခွာခွာနေပါ

တစ်စုံတစ်ယောက်က ချောင်းဆိုး၊ နှာချေတဲ့အခါတိုင်း ဗိုင်းရပ်စ်ပါဝင်တဲ့ အလွန်သေးငယ်တဲ့အရည်တွေက ပါးစပ်နဲ့နှာခေါင်းကနေ ထွက်လာနိုငပါတယ်။ အဲဒီလူရဲ့အနီးနားမှာ သင်က ရပ်နေရင် အရည်တွေက သင့်ဆီရောက်လာနိုင်တဲ့အတွက် သင်က ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်နိုင်မယ့် အကောင်းဆုံးနည်းက လူများတဲ့နေရာမှာ လူတစ်ယောက်ရဲ့ (၁) မီတာအကွာမှာ ခပ်ခွာခွာနေဖို့ပါပဲ။ သင်က ချောင်းဆိုး၊ အအေးမိနေတယ်ဆိုရင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရှောင်ရှားဖို့အတွက် Mask ဝတ်ဆင်ထားရပါမယ်။

ပါးစပ်နဲ့ နှာခေါင်းတို့ကို ထိခြင်းမှ ရှောင်ပါ

ကျွန်တော်တို့လက်တွေက အရာဝတ္ထုတော်တော်များများ၊ နေရာတော်တော်များများကို ထိတွေ့ရပါတယ်။ ကျွန်တော်တို့က ညစ်ပတ်တဲ့လက်တွေနဲ့ မျက်နှာ မျက်လုံး၊ နှာခေါင်းတို့ကို သတိလက်လွှတ်ထိတာ၊ ပွတ်တာတွေလုပ်မိကြပါတယ်။ အဲဒီလိုလုပ်တာက ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ဝင်ရောက်လာနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ သင်ကိုယ့်ကိုယ်ကို COVID ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့ကို လက်နဲ့မထိတွေ့မိအောင် ရှောင်ရှားသင့်ပါတယ်။ လက်ကိုလည်း သန့်စင်ပေးသင့်ပါတယ်။ လူစုလူဝေးများတဲ့ နေရာတွေကို သွားတာလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ရက်အနည်းငယ်လောက် ဘယ်မှမသွားဘဲ အိမ်မှာနေသင့်ပါတယ်။

Ref: Coronavirus: How to maintain your respiratory hygiene

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top