မကြာခဏ ဆံပင်မြှောက်စည်းခြင်းရဲ့အကျိုးဆက်များ

25-2-2021-yyl35.jpg

မိန်းကလေးတော်တော်များများဟာ ဆံပင်ကို မြှောက်စည်းဖြစ်ကြပါတယ်။ အဲဒါက လုပ်ရတာလွယ်ကူတဲ့ ဆံပင်စတိုင်ဖြစ်တဲ့အတွက်ကြောင့်ပါ။ အိမ်မှာနေရင်းလည်း ဆံပင်မြှောက်စည်းထားလိုက်ကြတာပါပဲ။ ဒါပေမဲ့ အဲဒီလို မကြာခဏ မြှောက်စည်းမယ်ဆိုရင် ဖြစ်လာနိုင်တဲ့အရာတွေကိုစိတ်ထဲမှတ်ထားသင့်ပါတယ်။ သင်က ဆံပင်ကို တင်းတင်းကျပ်ကျပ် မြှောက်ပြီးစည်းတတ်တဲ့အကျင့်ရှိတယ်ဆိုရင် စိတ်မသက်မသာဖြစ်ရတဲ့ပြဿနာတချို့ရင်ဆိုင်ရနိုင်ပါတယ်။ ဆံပင်မြှောက်စည်းခြင်းရဲ့အကျိုးဆက်တွေကတော့

ခေါင်းတစ်ခြမ်းကိုက်လာမယ်

အချိန်အကြာကြီး ဆံပင်မြှောက်စည်းထားမယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကို မိန်းကလေးတော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်။ နာကျင်မှုကို ဖြစ်စေတဲ့ Allodynia အမျိုးအစားဖြစ်ပါတယ်။ သင့်ဆံပင်က နာကျင်မှုကို ဆက်ဆက်ထိမခံဖြစ်နေတာပါ။ ဒါပေမဲ့ ဆံပင်ကို မြှောက်ပြီး တင်းတင်းကျပ်ကျပ်စုစည်းလိုက်တဲ့အခါမှာ ဆံပင်မွေးညင်းပေါက်နားမှာရှိတဲ့ အာရုံကြောတွေကို ဆွဲဆန့်သလိုဖြစ်တာကြောင့် ခေါင်းကိုက်လာရတာဖြစ်ပါတယ်။

ဦးရေပြားနာကျင်လာမယ်

ဆံပင်မြှောက်စည်းလို့ ခေါင်းကိုက်တာလိုပဲ ဆံပင်ကို တင်းကျပ်စွာစုစည်းလိုက်တာကြောင့် အာရုံကြောတွေတင်းလာပြီး ဦးရေပြားရောင်ရမ်းနာကျင်လာနိုင်ပါတယ်။ ဆံပင်တစ်ပင်ချင်းစီမှာ တွဲညှိထားတဲ့ အာရုံကြောတွေမှာ သွားသက်ရောက်မှုရှိပါတယ်။ ဆံပင်စုစည်းထားစဉ်မှာ နာကျင်မှုကို မခံစားရနိုင်ပေမယ့် ဆံပင်စည်းထားတာကို ဖြေလိုက်တဲ့အခါမှာ ခံစားရပါလိမ့်မယ်။

နောက်ကျောနာကျင်လာမယ်

ဦးရေပြားနာကျင်မှုက လည်ပင်းနဲ့ နောက်ကျောတွေအထိ ပျံ့နှံ့သွားနိုင်ပါတယ်။ ဆံပင်တစ်ခုလုံးကို ဖိအားပေးနေတဲ့ အာရုံခံကြောတွေ လှုပ်ရှားလာတဲ့အတွက်ကြောင့်ပါ။

ဆံသားတွေ အလွယ်တကူပြတ်ထွက်လာမယ်

သင့်ရဲ့ဆံပင်က အတော်လေး အထိအခိုက်မခံပါဘူ။ ဒါကြောင့် တစ်ချိန်လုံး ဆံပင်ကို မြှောက်စည်းထားမယ်ဆိုရင် ဆံသားတွေ သန်မာလာမှာမဟုတ်ပါဘူး။ ဆံသားတွေ အလွယ်တကူ ပြတ်ထွက်လာစေနိုင်ပါတယ်။ ဆံပင်စည်းပြီး အိပ်စက်မယ်ဆိုရင် ပိုဆိုးရွားလာနိုင်ပါတယ်။

မျက်နှာအသားရေကို ဆွဲဆန့်ထားသလိုဖြစ်လာမယ်

အချိန်အကြာကြီး ဆံပင်ကို မြှောက်စည်းထားတာက အသားရေအတွက်လည်း မကောင်းပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ပါးရေတွန့်လာပြီး အသက်ပိုကြီးလာသလို ခံစားရစေပါလိမ့်မယ်။ နေ့တိုင်း ဆံပင်ကို အရမ်းတင်းကျပ်စွာ စည်းထားမယ်ဆိုရင် သင့်အသားရေကို အချိန်အကြာကြီး ဆွဲဆန့်ထားသလို ဖြစ်စေနိုင်ပါတယ်။

Ref: What Can Happen to Your Hair If You Wear Ponytails Way Too Often
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top