ခွေးလေးကြောင့် အမျိုးသားတစ်ဦး အသက်ဘေး မှ လွတ်မြောက်

intl04-1.jpg

တောင်ကာရိုလိုင်းနားပြည်နယ်က အမျိုးသားတစ်ဦးက သူ့အိမ်မီးလောင်မှုကြောင့် အသက်ဆုံးရှုံးရမလိုတောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ခွေး လေးသာ သူ့ကို အသက်ကိုကယ်တင်ခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အိမ်မီးလောင် နေစဉ် အတွင်း ဘရန်း ရမ်တ် (Brain Rand) ဆိုတဲ့ စစ်မှုထမ်းဟောင်း အမျိုးသားကို ကာလီ (Curly) ဆိုတဲ့ ခွေးလေးက အိပ်ပျော် နေရာက နေလှုပ်နိုးခြင်းဖြင့် ကယ်တင်ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဘရန်းက သူနိုးထလာတဲ့အထိ ကာလ်က သူ့ကို တွန်းတာ၊ ပွတ်သပ်တာတွေလုပ်ခဲ့ကြောင်း၊ ခွေးလေးကြောင့် သူနိုးလာကော ထွက်ပေါက် ဆီသွားတဲ့အခါမှာ မီးခိုးအလိပ်လိပ်ကြီးတွေမြင်ခဲ့ရကြောင်း၊ အဲဒါနဲ့ပဲ ကာလ်ကို ချက်ချင်းဆွဲခေါ်ပြီး အပြင်ဘက်ကို ထွက်ပြေး ခဲ့ကြောင်း ပြောပါတယ်။ ကာလ်သာ သူ့ကိုမနိုးခဲ့ရင် ခေါင်းမိုးက သူ့အပေါ်ပြုတ်ကျတော့မယ်လို့လည်း ပြောပါတယ်။

ဘရန်းရဲ့အိမ် ကတော့ တစ်ဝက်နီးပါး ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ မီးသတ်သမားတွေက ဗီယက်နမ်စစ်ပွဲကာလအတွင်း သူ့တာဝန်က နေရရှိခဲ့တဲ့ ဆုတံဆိပ်ပြားတွေကိုတော့ ယူပေးနိုင်ခဲ့ပါတယ်။

ဘရန်းက လွန်ခဲ့တဲ့ (၃) နှစ်က ခွေးသေးသေးလေး ရှာဖို့အတွက် တိရစ္ဆာန်စောင့်ရှောက်ရေး ကို သွားခဲ့ပါတယ်။ ဟိုရောက်တော့ ပေါင် (၇၀) ရှိတဲ့ ကာလ်ကို ရွေးချယ်ခဲ့ပြီး ခေါ်ယူမွေးဖြစ်ခဲ့တာဖြစ်ပါတယ်။

Ref: ABCNews “Good boy! Dog saves veteran during house fire”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply