အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၃-၁၀-၂၀၁၉ မှ ၁၉-၁၀-၂၀၁၉ ရက်နေ့အထိ)

Bay-Din-13-to-19-october-e1570957534933.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၃-၁၀-၂၀၁၉ မှ ၁၉-၁၀-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွင်း တနင်္ဂနွေသားသမီးတို့
စီးပွားရေး ။ ။ ရေထွက်ကုန်လုပ်ငန်း၊ ငါးပုဇွန်လုပ်ငန်းများ၊ စက်လှေ၊သင်္ဘောနှင့်ဆိုင်သော လုပ်ငန်း၊ ရေလမ်းကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ပါမည်။ ဆောက်လုပ်ရေးနှင့် ကျောက်မျက်တူးဖော်ခြင်းများ မကောင်းပါ။ ငွေကြေးညံ့မည်။ အကြွေးတင်တတ်သည့်ကာလ ဖြစ်သည်။

ကျန်းမာရေး ။ ။ အဓိကကျန်းမာရေးကို ကုသလိုက်ပါ၊ အခြားသော ပေါင်းစပ်ဖြစ်နေသည့် ရောဂါလေးများ ပျောက်ပါလိမ့်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေး ကံအနည်းငယ်ညံ့တတ်သည်။ ပွဲလမ်းသဘင်တွင် ချစ်သူတွေ့မည်။ အိမ်ထောင်သည်များ စိတ်ညစ်ရလိမ့်မည်၊ သားသမီးကျန်းမာရေး သတိပြုပါ။

ပညာရေး ။ ။ဝန်ထမ်းများ ရာထူးစာမေးပွဲအတွက် အပြင်းအထန် ကြိုးစားရလိမ့်မည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရနှင့် နိုင်ငံဝန်ထမ်းများ အလုပ်နေရာ ပြောင်းရတတ်သည်။

အကျိုးပေးဂဏန်းမှာ ။ ။ ၁၊ ၇၊ ၈။

ယတြာ ။ ။ အုန်းသီတစ်လုံးကို လိုရာဆုတောင်းပြီး ဘုရားဝင်း တစ်နေရာရာတွင် အပင်စိုက်ပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့
စီးပွားရေး ။ ။ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေလုပ်ငန်း၊ ကျောက်တူးဖော်ခြင်းနှင့် ပါတ်သက်သော လုပ်ငန်းများ၊ ရေနံတူခြင်း စသော မြေအောက်မှ ထူးဖော်ရသည့် အဖိုးတန် ပစ္စည်းထုတ်လုပ်ခြင်းများ ကံကောင်းသောအချိန် ဖြစ်သည်။ သို့သော် ငွေရေးကြေးရေး စာကားပြတ် ရန်လိုသည်၊ အစုအစပ် သဘောထားကွဲတတ်သည်။

ကျန်းမာရေး ။ ။ မျက်လုံးရောဂါ၊ အဆစ်အမြစ် ကိုက်သည့်ရောဂါများ ဝင်ရောက်လာတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းမည်။ အိမ်ထောင်ပြုရန် အခက်အခဲတွေ့နေလိမ့်မည်။ အိမ်ထောင်ရေးအနေနှင့် ငွေမိဘတို့ကြောင့် ရန်ဖြစ်နေရမည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ကံကောင်းပါသည်၊ ဘာသာစကားတစ်ခုကို သင်ယူသင့်သည့်အချိန် ဖြစ်သည်။

အထွေထွေ ။ ။ ဝန်ထမ်းများ ယခုရက်ပိုင်းအတွင်း ခရီးသွားရာတွင် အဆင်မပြေ ဖြစ်မည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၆၊ ၇။

ယတြာ ။ ။ တနင်္လာနေ့တွင် ဘုရားတစ်ဆူဆူ၏ နေရာလွတ်တွင် ကံကော်ပင် စိုက်ပျိုးပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့

စီးပွားရေး ။ ။ ကုန်သွယ်ရေး ကောင်းပါသည်။ အထူးသဖြင့် ပိတ်၊ အထည်များနှင့် ပါသက်သော ကိစ္စများ ကောင်းပါသည်။ အဆင်ပြေမည်။ စားသောက်ဆိုင် လုပ်ကိုင်နေသူများ အဆင်မပြေ ဖြစ်မည်၊ အစုအစပ်ဖြင့် လုပ်ပါက ပိုဆိုးမည်။

ကျန်းမာရေး ။ ။ သွေးအားနည်းဖြင်း၊ ခါးနားခြင်းတို့ ဖြစ်တတ်သည်။ အမျိုးသမီးများ သွေးနှင့်ဆိုင်သော ရောဂါ ဖြစ်မည်။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းလာပြီဖြစ်သည်။ မိမိချစ်သူထံမှ ပွဲတော်ရက် တစ်ရက်တွင် အဖြေရနိုင်သည်၊ ကြိုးစားပါ။ အိမ်ထောင်သည်များ ပွဲတော်တစ်ခုခုတွင် ရန်ဖြစ်တတ်သည် သတိထားပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် အဆင်မြင့်တန်း တက်နေသူများ အတွေးအခေါ်ပိုင်းကို ပိုအလေးထားပြီး ဖြေဆိုပါ။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း အထက်၊ အောက် သေချာမျှတအောင် လုပ်ဆောင်ပါ။

အကျိုးပေးဂဏန်း ။ ။ ၃၊ ၅၊ ၈။

ယတြာ ။ ။ အင်္ဂါနေ့တွင် ဘုရားတစ်ဆူဆူတွင် ဇွန်ပန်းပင် စိုက်ပျိုးပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့

စီးပွားရေး ။ ။ အလှအပနှင့်ဆိုင်သော အလှကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ ရောင်ချခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ အနုပညာနှင့်ဆိုင်သောလုပ်ငန်းများ လုပ်ဆောင်ရခြင်း၊ အသံပိုင်းဆိုင်ရာ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ရုပ်ရှင်ထုတ်လုပ်ခြင်း စသည်တို့ အထူးကောင်းမွန်ပါသည်။

ကျန်းမာရေး ။ ။ ဆီးရောဂါနှင့် ဒူးနာခြင်းတို့ ဖြစ်မည်။ မတော်တဆ ဖြစ်မည်၊ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းနေပြီး ချစ်သူရမည်။ အိမ်ထောင်ရေးအနေနှင့် ယခုရက်များသည် အညံ့များသော ရက်များသာဖြစ်ပြီး စိတ်ညစ်ရလိမ့်မည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် ကံကောင်းသော်လည်း တတ်သည့်ပညာ အသုံးချရန်လိုသည်။

အထွေထွေ ။ ။ ဝန်ထမ်းများ အလုပ်တွင် စိတ်မပါ ဖြစ်တတ်သည်။

ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် မျက်လုံးရောဂါ ရတတ်သည်။ အချစ်ရေးတွင်လည်း ညံ့နေပါလိမ့်မည်။ စီးပွားရေးတွင် မှန်လုပ်ငန်း အဆင်ပြေမည်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း ။ ။ ၃၊ ၆၊ ၇။

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် ဘုရားတစ်ဆူဆူရှိ ဂြိုဟ်တိုင်ဘုရားတွင် ရေသက်စေလှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့
စီးပွားရေး ။ ။ စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် စားသောက်ကုန်လုပ်ငန်းများ အဆင်ပြေမည်။ ကံကောင်းပါသည်။

ကျန်းမာရေး ။ ။ ဆေးမှားသောက်ရခြင်း၊ ဆေးမှားကုသခံရခြင်းရှိမည်၊ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ အိမ်ထောင်ရေး ကံညံ့ပါသည်။ ထို့ကြောင့် အိမ်ထောင်သည်များ သတိရှိရန် လိုပါသည်။

ပညာရေး ။ ။ တက္ကသိုလ်ဝင်တန်းအတွက် တွက်စာ သချာင်္ဘာသာရပ်ကို အထူးအလေးပေးပါ။

အထွေထွေ ။ ။ ဝန်ထမ်းများ သတိပြုရန်မှာ အထက်လူကြီးကြောင့် မိမိနေရာ အဝေးပြေားရတတ်သည်။

အကျိုးပေးဂဏန်း ။ ။ ၁၊ ၄၊ ၅။

ယတြာ ။ ။ ကြာသာပတေးနေ့တွင် ရဟန်းတစ်ပါးကို ငွေကြေးမျာ လှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့
စီးပွားရေး ။ ။ သစ်လုပ်ငန်းများ အထူးကောင်းမွန်သည့်အချိန် ဖြစ်သည်၊ စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များတွင် ကောင်းမွန်ပါသည်။ သစ်သားကို အချောပြု လုပ်ရသည့် ပရိဘောဂ လုပ်ငန်းသည် မိမိအတွက် အခြေအထိုင်ချနိုင်မည့် လုပ်ငန်းဖြစ်လာမည်။ ရေလုပ်ငန်း ပြသနာရှိသဖြင့် သတိပြုပါ။

ကျန်းမာရေး ။ ။ ဦးခေါင်းကိုက်ခြင်း၊ နာကြင်ခြင်များ ဖြစ်မည်။ ခေါင်းသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း အနေဝေးရတတ်သည်။ အိမ်ထောင်သည်များ ပြန်အဆင်ပြေနေမည်။ ကြားလူ သတိပြုပါ။

ပညာရေး ။ ။ ပညာရေးအနေနှင့် ကွန်ပျူတာပညာရပ်ကို လေ့လာသင့်ပါသည်။

အထွေထွေ ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ အထက်အောက် ဆက်ဆံရေး သတိပြုရမည်။

အကျိုးပေးဂဏန်း ။ ။ ၂၊ ၉၊ ဝ။

ယတြာ ။ ။ သောကြာနေ့တွင် သောကြာနံ ဘုရားတွင် ဆီးမီး (၆) တိုင် ပူဇော်ပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့
စီးပွားရေး ။ ။ စီးပွားရေးလုပ်ငန်များ ရပ်ဆိုင်နေပါက ပြန်လည် အသက်ဝင်လာမည်။ ကံကောင်းခြင်းများ စတင်လာမည်။ အကူအညီရမည်၊ နိုင်ငံခြားမှ အကူအညီအတွက် အနည်းငယ် သတိထားရမည်၊ ငွေကြေးနှင့် ဆိုင်သော ဘဏ်ချေးငွေကဲ့သို့ လုပ်ဆောင်မည်ဆိုပါက အထူး သတိထားရမည်။

ကျန်းမာရေး ။ ။ အညံ့များနေပါသည်။ ရာသီပေါ် ရောဂါများ ဖြစ်တတ်သည်။ ချောင်ဆိုး၊ ဖျားခြင်း တို့ရှိမည်၊ ကြီးကြီးမားမား မရှိပါ။

အချစ်ရေး/အိမ်ထောင်ရေး ။ ။ အချစ်ရေးအနေနှင့် မိမိချစ်ရသူနှင့် အခြေအနေ တစ်ခုကြောင့် ချစ်လျှက်နှင့် လမ်းခွဲရတတ်သည်။ သတိထားပြီး လူ့လောက၏ လှည့်ကွက်ကို သတိထားပါ။ အိမ်ထောင်ရှင်များလည်း လောကရဲ့ လှည့်ကွက်တွင် ပြိုကွဲတတ်သည်။

ပညာရေး ။ ။ ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ စာ အထူးလိုက်ရမည့်အချိန် ဖြစ်ပါသည်။

အထွေထွေ ။ ။ ဝန်ထမ်းများ ငွေရေးကြေးရေးကိစ္စတွင် သတိထားပါ။ အထူးသဖြင့် ငွေကိုင်များ သတိပြုပါ။

အကျိုးပေးဂဏန်း ။ ။ ၄၊ ၆၊ ၀။

ယတြာ ။ ။ စနေနေ့တွင် ဘုရားတစ်ဆူဆူတွင် ထန်းပင်စိုက်ပေးပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top