ရေသောက်နည်းလျှင် ဉာဏ်ရည် နိမ့်ကျစေ

drinking-water-PYZEWD2.jpg

ရောက်သောက်နည်းခြင်းဟာ ဉာဏ်ရည် နိမ့်ကျမှုနဲ့ ဆက်စပ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ ရှိတဲ့ တက္ကသိုလ် တစ်ခုက သုတေသန ပြုလုပ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ လူတွေဟာ ၎င်းတု့ိရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၁ ရာခိုင်နှုန်းကနေ ၂ နာရီခိုင်နှုန်းလောက် အထိ လျော့ကျသွားရင် ရေလျော့လို့ လျော့မှန်း မသိကြ သေးပါဘူး။ ဒါကြောင့်မို့ အများစုဟာ ရေကို ဆာမှ သောက်သုံးကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အကျင့် မဟုတ်ပါဘူး။ ရေကို ဆာမှ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများက ရေကို လိုအပ်ပြီးတော့ အရေးကြီး တရားဝင် တောင်းဆိုမှ သောက်သုံးတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီတော့ ရေကို ဘယ် အစိတ်အပိုင်းတွေက သုံးစွဲသလဲဆို ဦးနှောက်ကလည်း သုံးစွဲ ပါတယ်။

သူ့အနေနဲ့ ရေဓာတ် မလုံလောက်ရင် ခေါင်းမူးတာတို့ မှတ်ဉာဏ် ချို့ယွင်းတာတို့. အာရုံ စူးစိုက်မှု အားနည်းလာတာတို့ အပြင် ခေါင်းကိုက်၊ မူးမေ့ခြင်း တို့အထိ ဖြစ်နိုင်ပါတယ်။ ဒါဟာ ဦးနှောက်ရဲ့ ရေဓာတ် လိုအပ်မှု အရမ်းများသွားတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အကယ်၍ ရေကို ဆာမှသာ သွားသောက်နေရင် ဒါဟာ ကိုယ်တွင်း အစိတ်အပိုင်းများက တောင်းဆိုနေမှ သောက်သုံးခြင်း ဖြစ်တာကြောင့် အနည်းဆုံး ၂ ရာခိုင်နှုန်းလောက်က သာမန်ထက် နည်းပါးသွားနေပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရေဓာတ်နည်းသူဟာ ရေဓာတ်များသူနဲ့ စာရင် ဦးနှောက် ကျန်းမာရေးနဲ့ မှတ်ဉာဏ် နည်းပြီး ရေပုံမှန် မသောက်ပါက ဉာဏ်ရည်နိမ့်ကျ စေကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ မိမိဟာ ရေကို သွားလာနေစဉ်ပဲ ဖြစ်ဖြစ်၊ အလုပ်လုပ်နေစဉ်ပဲ ဖြစ်ဖြစ် သတိတရနဲ့ အမြဲ သောက်တတ်စေဖို့ အကြံပေးထား ပါတယ်။
.
Ref: nextshark.com

အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top