အူရီဒူးက စီးပွားရေးလုပ်ငန်းများလည်ပတ်နိုင်စေရန် မြန်နှုန်းမြင့် “Office from Home” ကြိုးမဲ့ Broadband ဝန်ဆောင်မှု ပေးအပ်

Ooredoo-Office-from-Home.png

အခုလိုခက်ခဲနေတဲ့ အချိန်ကာလမှာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အူရီဒူးက ရိုးရှင်းထိရောက်သော ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်တဲ့ “Office from Home” ကြိုးမဲ့ broadband အင်တာနက်ဝန်ဆောင်မှုကို ပေးအပ်ခဲ့ပါတယ်။ အဲဒီဝန်ဆောင်မှုကို စီးပွားရေးလုပ်ငန်းများအတွက် အထူးသီးသန့်ပေးအပ်ခြင်း ဖြစ်ပါတယ်။

“Office from Home” ကြိုးမဲ့ broadband ဝန်ဆောင်မှုက စီးပွားရေးလုပ်ငန်းများအတွက် ပုံမှန်ရုံးတက်ရက်များကဲ့သို့ နေအိမ်မှ အလုပ်လုပ်နိုင်စေရန်အတွက် 5 Mbps အထိ မြန်နှုန်းမြင့် အင်တာနက်ကို မနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ပေးအပ်ထားပါတယ်။ အူရီဒူးမြန်မာက ဒီ broadband ဝန်ဆောင်မှုတွင် ပါဝင်တဲ့ စက်ပစ္စည်းအတွက် အာမခံတစ်နှစ်ပေးထားပြီး ဒီစက်ပစ္စည်းကို စတင်အသုံးပြုတဲ့ အချိန်မှစပြီး “Office from Home” ဝန်ဆောင်မှုကို ရက် ၃၀ အတွင်း ရရှိအသုံးပြုနိုင်မည်ဖြစ်ပါတယ်။ ဝန်ဆောင်မှုကို စတင်အသုံးပြုရန်အတွက် အသုံးပြုလိုသူများက သူတို့ရဲ့ Account Manager ကိုဆက်သွယ်ခြင်း (သို့မဟုတ်) ၀၉ ၉၇ ၀၀၀၀၂၁၆ သို့ ဖုန်းခေါ်ဆိုခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။

“Office from Home” broadband အင်တာနက်ဝန်ဆောင်မှုရဲ့ စက်ပစ္စည်းတန်ဖိုးမှာ ၄၀,၀၀၀ ကျပ် ဖြစ်ပြီး လစဉ်ကြေးမှာ ၄၀,၀၀၀ကျပ် ဖြစ်သည်။ အသုံးပြုသူများက CB ဘဏ် သို့ AYA ဘဏ် တို့မှတစ်ဆင့် ငွေပေးချေနိုင်ပြီး သတ်မှတ်ရက် မကုန်ဆုံးမီ ဝန်ဆောင်မှုကို သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်းမှာ ဝန်ဆောင်မှု အသုံးပြုရန် ဆင်းမ်ကတ်ကို ကြိုတင်ထည့်သွင်းထားပြီး ဖြစ်သည့်အတွက် အသုံးပြုသူမှ ဝန်ဆောင်မှုကို စတင်အသုံးပြုရန် ခလုတ်နှိပ်လိုက်သည်နှင့် တပြိုင်နက် ရက်သုံးဆယ်အတွင်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top