Chevrolet ကားကုမ္ပဏီကို ပူးတွဲတည်ထောင်သူ လူးဝစ်ချက်ဗ်ရိုလက်ဟာ ဆွစ်ဇာလန်ကနေ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ပါ။ သူဟာ Chevrolet ကား ဒီဇိုင်းနဲ့ပတ်သက်ပြီး ဝီလျံစီဒူရန့်နဲ့ သဘောထား ကွဲလွဲခဲ့လို့ သူ့ရဲ့ရှယ်ယာတွေကို ရောင်းချခဲ့သူပါ။
အဲဒီနောက်ပိုင်းမှာ သူ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေ မအောင်မြင်ခဲ့သလို စီးပွားပျက်ကပ် ကြုံတွေ့ခဲ့လို့ သာမန်အလုပ်သမားဘဝ ပြန်ရောက်သွားခဲ့ပါတယ်။ ဒက်ထရွိုက်မြို့က Chevrolet စက်ရုံမှာ စက်ပြင်ဆရာအဖြစ် အလုပ်ဝင်လုပ်ခဲ့ပြီး ဆင်းဆင်းရဲရဲနဲ့ သေဆုံးသွားခဲ့ရတာပါ။
Ref: louis chevrolet
NZ (ရိုးရာလေး)