ကမ်းခြေ (၅၂) ခုက အမှိုက်တွေကို တစ်နှစ်အတွင်း ရှင်းပစ်ခဲ့တဲ့ အသက် (၇၀) အရွယ်အဘွားအို

50943340_2187817487952483_3983999556256792576_n.jpg

ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ သဘာဝသယံဇာတကို မဆင်မခြင်မှားယွင်းဖျက်ဆီးမှုတွေကြောင့် တဖြည်းဖြည်းယိုးယွင်းပျက်စီးလာပြီး ဆိုးရွားလွန်းတဲ့အခြေအနေကို ရောက်ရှိလာပြီဆိုတာ လူတိုင်းသိကြပါတယ်။ သို့ပေမဲ့လည်း မသိသလိုနေနေကြတုန်းပါပဲ။

သို့ပေမဲ့ အားလုံးထဲကမှ UK ကွန်ဝေါ် (Cornwall) မှာ နေထိုင်တဲ့ ပတ်ထ် စမစ် (Pat Smith) အမည်ရ အသက် (၇၀) အဘွားအိုတစ်ဦးဟာ အိမ်မှာနေရင်း ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းလာမှုကို သတိပေးထားတဲ့ မှတ်တမ်းတင် ဗီဒီယိုအစီအစဉ်တစ်ခုကို ကြည့်မိရာကနေပြီး ကမ္ဘာကြီးအတွက် သူ(မ) တကယ် စိတ်ပူသွားခဲ့ပါတယ်။

ညဘက်တွေမှာတောင် အိပ်လို့မပျော်တော့ဘဲ ဘာမှမဖြစ်သလိုဟန်ဆောင်မနေချင်တော့တဲ့အတွက် နောက်နေ့မှာ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ ပလတ်စတစ်ကင်းစင်ရေးလုပ်ငန်းကိုစတင်ဖို့ လှုံ့ဆော်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

(၂၀၁၈) ခုနှစ်အတွင်း ကမ်းခြေတွေကို နိုင်သလာက် သန့်ရှင်းရေးလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး တစ်ပတ်ကို ကမ်းခြေ (၁) ခုစီ သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။ ကွန်ဝေါ်မြို့သူ၊ မြို့သားတွေနဲ့ ပတ်ထ် မစ်ရဲ့မိသားစုတွေကပါ လုပ်အားပေးအဖွဲ့ဝင်တွေအဖြစ် အားတက်သရောပါဝင်ခဲ့ကြပြီး ယခုဆိုရင် ကမ်းခြေပေါင်း (၅၂) ခုကို ရှင်းလင်းပြီးပြီပဲ ဖြစ်ပါတယ်။

အခုအခါမှာတော့ စမစ်ဟာ Final Straw အမည်ရှိ အဖွဲ့အစည်းတစ်ခုကိုပါ တည်ထောင်ထားပြီး မလိုအပ်ဘဲ ပလတ်စတစ်သုံးစွဲမှုတွေကို လျော့ချနိုင်ဖို့အတွက် လှုံ့ဆော်မှုတွေကိုပါ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

Ref: curiousmindmagazine.com “A 70-Year-Old Grandma Cleaned 52 Beaches In A Year And Showed Everyone That It’s Not Late To Save Our Planet”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top