၉ နှစ်သမီးလေးရဲ့ ပင်ဖျက်ပိုးတိုက်ဖျက်ရေး ကြိုးပမ်းမှုကို ယေးလ်တက္ကသိုလ် ဂုဏ်ပြု

15.2.2023-image-1.jpg

ပင်ဖျက်ပိုး တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ စွမ်းစွမ်းတမံပါဝင်ခဲ့ပြီး ပင်ဖျက်ပိုး (lanternflies) ၂၇ ကောင် ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ၉ နှစ်အရွယ် ကျောင်းသူလေးကို ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ ၄ တန်းကျောင်းသူ ဘော်ဘီဝီလ်ဆင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အဆိပ်ရှိတဲ့ ပင်ဖျက်ပိုးတွေကို လိုက်လံဖမ်းဆီးခဲ့ပြီး ဒီဖြစ်ရပ်ကို အံ့အားသင့်သွားတဲ့ အိမ်နီးနားချင်း လူဖြူအမျိုးသား လောရှီက ရဲကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဘော်ဘီဝီလ်ဆင်ဟာ TikTok ပေါ်မှာ တွေ့ရတဲ့အတိုင်း ရှာလကာရည်နဲ့ ပိုးသတ်ဆေးလုပ်ပြီး ပင်ဖျက်ပိုးတွေကို ဖျန်းကာ လိုက်လံဖမ်းဆီးခဲ့တာပါ။ နယူးဂျာစီပြည်နယ်ရဲ့ ပင်ဖျက်ပိုးတိုက်ဖျက်ရေးလှုပ်ရှားမှုမှာ ၉ နှစ်သမီးလေးတစ်ယောက် အားတက်သရော ပါဝင်နေတဲ့သတင်းက သတင်းစာတွေရဲ့ ခေါင်းကြီးသတင်း ဖြစ်သွားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အခမ်းအနားမှာတော့ ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းက ဘော်ဘီဝီလ်ဆင်ကို သိပ္ပံပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုပြီး သူ ဖမ်းဆီးထားတဲ့ ပင်ဖျက်ပိုးကောင် ၂၇ ကောင်ကိုလည်း ပီယာဘိုဒီသဘာဝသမိုင်းပြတိုက်ရဲ့ မှတ်တမ်းထဲ ထည့်သွင်းခဲ့တာပါ။

Ref: Yale Honors Work of 9-Year-Old Girl Who is Stomping Out Extremely Invasive Bugs in New Jersey

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top