အများနဲ့သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်လိုက်တဲ့ ဝေးလ်

4221396001_5791349136001_5791212052001-vs.jpg

ဝေးလ်နိုင်ငံဟာ ဗြိတိန်နိုင်ငံတွေထဲမှာ ပထမဆုံး ဆေးလိပ်ကို အများပြည်သူရှိတဲ့ နေရာတွေမှာ သောက်သုံးတာ ပိတ်ပင်လိုက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ဆေးရုံဝန်း၊ ကျောင်းဝန်းနဲ့ အားကစားကွင်းဝန်းတွေ အတွင်းမှာ လာမယ့် ၂၀၁၉ နွေရာသီကစလို့ ဆေးလိပ်သောက်သုံးခွင့် ပိတ်ပင်လိုက်ဖို့ တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဝေးလ် အစိုးရပိုင်းက ပြောကြားချက်အရတော့ အနာဂတ်မှာ ဆေးလိပ်သောက်သုံးမှု လျော့ကျစေရေးနဲ့ ဆေးလိပ်စွဲနေတဲ့ လူငယ်တွေကိုလဲ ပုံမှန်ပြန်ဖြစ်စေဖို့လို့ ပြောပါတယ်။

ကျန်းမာရေး လက်ထောက်အတွင်းရေးမှုး ဗော့ဂန် ဂတ်(သ်)သင်း (Vaughan Gething) ကတော့ ဝေးလ်နိုင်ငံအနေနဲ့ ဗြိတိန်နိုင်ငံတွေထဲမှာ ပထမဆုံး ဆေးလိပ်သောက်သုံးတာကို လျော့ချဖို့လုပ်ဆောင်ပြီး လူငယ်တွေအတွက် ကာကွယ်မှုပြုလိုက်ခြင်းကို ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

အရေးပါတဲ့ အပြောင်းအလဲကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ်လောက်ကတည်းက ဆေးလိပ်သောက်တယ်ဆိုတဲ့ သဘောထားတွေကို ပြောင်းလဲဖို့ အင်အားသစ်တွေနဲ့ ပြောက်မြောက်တဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အများပြည်သူရှိတဲ့ အခုလိုနေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို ကန့်သတ်နိုင်ခဲ့တာကို အလွန်ပဲ ကျေနပ်နေပါတယ်။

ဒါဟာ ဝေးလ်နိုင်ငံအတွက် ဆေးလိပ်သောက်သုံးခြင်းကို လျော့ချဖို့ နောက်ထပ် ခြေလှမ်းသစ်ကို လှမ်းလိုက်တာပဲလို့ ဆိုကြပါတယ်။

မစ္စတာ ဂတ်(သ်)သင်း အရင်က ကိုယ်ဝန်ဆောင်တွေ စုစည်းထားတဲ့ ဂလန်း ခလော့ဒ် (Glan Clwyd) ဆေးရုံကို ရောက်ရှိခဲ့စဉ် ဆေးရုံဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ မိခင်တွေက ဆေးရုံဝင်းအတွင်း ကလေးတွေရှိတဲ့နေရာတွေမှာ ဝင်ထွက်နေတဲ့ လူတွေဟာ ဆေးလိပ်သောက်သုံးနေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မကြာခဏ တိုင်ကြားမှုတွေရှိနေတယ်လို့ သိခဲ့ရပါတယ်။

အမှန်ကတော့ ဆေးရုံအားလုံးနီးပါးမှာ ဆေးရုံဝန်းအတွင်း ဆေးလိပ်မသောက်ဖို့ တားမြစ်ထားပြီးသားပါ။ ဒါပေမဲ့ ဆေးရုံဝန်ထမ်းတွေ အနေနဲ့တော့ ဒါကို လူတွေလိုက်နာဆောင်ရွက်အောင် ထိန်းချုပ်ဖို့တော့ တော်တော်လေး ခက်ခဲပါတယ်။

ဒီအပြောင်းအလဲကြောင့် ဆေးရုံအားလုံးရဲ့ ဧရိယာတွေ အတွင်းမှာ ဆေးလိပ်သောက်သုံးခြင်းဟာ တရားမဝင်တော့ပါဘူး။ ဒါဟာ လူနာတွေ၊ ဆေးရုံကို လာတဲ့သူတွေနဲ့ ဝန်ထမ်းတွေအားလုံးအတွက် ကောင်းမွန်စေတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးလိပ်သောက်သုံးမှုကြောင့် ဝေးလ်နိုင်ငံမှာ ရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ခန့်မှန်းချေအားဖြင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် နှစ်စဉ် လူပေါင်း ၅၄၅၀ လောက် သေဆုံးနေရပြီး NHS အဖွဲ့ရဲ့ တွက်ချက်မှုတွေအရ နှစ်စဉ် ယူရို ၃၀၂ သန်းလောက် ကုန်ကျနေတယ်လို့ ဆိုပါတယ်။

Ref : Daily Mail “Wales will become first country in UK to ban smoking OUTSIDE as it passes law covering grounds of hospitals, schools and children’s playgrounds”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top