Animal Crossing ဟုခေါ်သော တိရစ္ဆာန်ဖြတ်လမ်း

aminal.gif

တိရစ္ဆာန်ဖြတ်လမ်း၊ တိရစ္ဆာန်ဖြတ်တံတား အစရှိသဖြင့် အမျိုးမျိုးခေါ်တဲ့တံတားများဟာ ခေတ်မှီတဲ့ မြို့ပြကြီးတွေမှာ တည်ရှိပါတယ်။

Eco Bridige, Animal Crossing, Animal Bridge အစရှိသဖြင့် အမျိုးမျိုးခေါ်ပါတယ်။ ပုံစံအားဖြင့် တံတားလိုတည်ဆောက်တာရှိသလို၊ လှိုဏ်ဂူတည်ဆောက်ပေးတာလည်း ရှိပါတယ်။ အချို့ကျတော့ ယင်းနေရာမှာ ဆိုင်းဘုတ်တပ်ထားပြီး အရှိန်လျော့မောင်းခိုင်းတာမျိုးလည်း ရှိပါတယ်။ ပုံမှာမြင်တွေ့နေရတာ ဆိုရင် နယ်သာလန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့မှ နာမည်ကြီးတဲ့ Animal Crossing များ ဖြစ်ပါတယ်။ အထူးသဖြင့် တောအုပ်တွေကိုဖြတ်သန်းပြီးတော့ လမ်းမကြီးတွေဖောက်တဲ့အခါ ထားရှိပေးရခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ တိရစ္ဆာန်တွေကို ကားလမ်းပေါ်ကနေ ဖြတ်ကူးခြင်း မလုပ်တော့တာကြောင့် ကားဖြင့် ကြိတ်မိ သေဆုံးခြင်းတို့ မဖြစ်တော့ ပါဘူး။ တိရစ္ဆာန်တွေဟာလည်း တံတားပြုလုပ်ထားတာကို တွေ့ရှိပြီး ယင်းနေရာကနေ ဖြတ်သွားကြပါတယ်။ ကျွဲ၊ နွား၊ ဝက်ဝံ၊ မျောက်၊ မြွှေ၊ ယုန် တို့မှသည် တိရစ္ဆာန်မျိုးစုံကို ရှိတတ်တဲ့အလေ့အထပေါ်မူတည်ပြီး တံတားကိုလည်း အကြီးအသေး ချိန်ဆပြီးတော့ တည်ဆောက်ကြ ပါတယ်။

Animal Crossing ကို တည်ဆောက်တဲ့အခါ သာမန်လမ်းတွေနဲ့မတူပဲ ထူးခြားချက်ကတော့ လမ်းကို လမ်းနဲ့တူအောင်မလုပ်ပဲ တောပုံစံဖြစ်အောင် တည်ဆောက်ထားရှိပေးထားခြင်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply