တစ်ပင်ထဲကျန်တဲ့ သစ်ပင်ကို ရှင်သန်အောင် ဂျပန်တို့ပြုစုခဲ့

miracle-pine-rikuzentakata-tn.jpg

၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီ အပြင် အခြားကြီးမားတဲ့ သဘာဝဘေးအန္တရာယ် နှစ်ခုလောက် ကို ကြုံတွေ့တာတောင် လုံးဝမလှဲပဲ တည်ရှိခဲ့တဲ့ ထင်းရှူးပင် (miracle pine) တစ်ပင်ဟာ ဂျပန်မှာ ရှိခဲ့ ပါတယ်။ သစ်ပေါင်ပေါင်း ၇သောင်းကျော်ရှိတဲ့ တောတစ်တောလုံး ဆူနာမီကြောင့် ပါသွားပေမယ့် ယင်း သစ်ပင်ကတော့ ကျန်နေခဲ့ခြင်း ဖြစ်ပါတယ်။

ကျန်နေတဲ့ သစ်ပင်ကို ဂျပန်အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ပြယုဒ် အနေနဲ့ရော၊ အမှတ်တရအဖြစ်နဲ့ကော ကြိုးစားထိန်းသိမ်းခဲ့ပါတယ်။ ယခုလို သေချာထိန်းသိမ်းပေးခဲ့ရာမှ ရှင်သန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်အရောက်မှာတော့ အပင်ဟာ သေဆုံးခဲ့ ပါတယ်။ ယင်းနေရာတစ်ဝိုက်က မြေဆီလွှာတွေဟာ ဆားဓာတ်များဖြင့် ဖုံးလွမ်းသွားတာကြောင့် ဖြစ်ပါတယ်။ သေသွားတဲ့ အပင်ကိုတောင် ဂျပန်အနေနဲ့ ခုတ်ဖြတ်ပြီး ပြောင်သလင်း ခါအောင်ထားမယ့်အစား ယင်းအပင်ကို သေသွားသည့်တိုင် အရှင်ပုံစံအတိုင်း ကျန်အောင် အပင်တုအစိတ်အပိုင်းများ အစားထိုးလို့ မားမားရပ်စေ ပါတယ်။

ဂျပန်နိုင်ငံဟာ ဆူနာမီ အပြင် အခြားသော သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူပေါင်း သိန်းချီရှိနေပါပြီ။ နျူကလီးယားကြောင့်လည်း သေဆုံးသူ များခဲ့ပါတယ်။ သို့သည့်တိုင် ဂျပန်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်တဲ့ စိတ်နဲ့ ပြန်လည် တည်ထောင်မှုကြောင့် ကမ္ဘာ့ စီးပွားရေး အတိုးတက်ဆုံး ထိပ်တန်း တိုင်းပြည် စာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top