အီသီယိုးပီးယားမှာ (၁၂) နာရီအတွင်း သစ်ပင် သန်း (၃၅၀) ကျော် စိုက်ပျိုးခဲ့

190729201138-ethiopia-tree-planting-exlarge-169.jpg

နိုင်ငံတော်တော်များများမှာ အရိပ်အာဝါသကောင်းကောင်းရအောင်၊ ပူပြင်းလှတဲ့ ဒေသတွေကို ပြန်လည်စိမ်းလန်းလာအောင် အပင်များများ စိုက်ပျိုးလာကြပါပြီ။ ၂၀၁၄ခုနှစ်က ဖိလစ်ပိုင်မှာ တစ်နာရီတည်းနဲ့ သစ်ပင် (၃) သန်းကျော် စိုက်ပျိုးတာ၊ ၂၀၁၁ခုနှစ်က အိန္ဒိယမှာ သစ်ပင် (၁.၉) သန်း စိုက်ပျိုးခဲ့တာတွေရှိခဲ့ပါတယ်။ အဲဒါတွေက ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့တာတွေပါ။

အခုလည်း အီသီယိုးပီးယားနိုင်ငံက မနေ့က (၁၂) နာရီအတွင်း သစ်ပင် သန်း (၃၅၀) ကျော် စိုက်ပျိုးခဲ့ပါတယ်။ သစ်ပင်စိုက်ပျိုးတာက အဲဒီနိုင်ငံရဲ့ဝန်ကြီးချုပ် အာဘီ အာမက် (Abiy Ahmed) လုပ်ဆောင်ထားတဲ့ “Green Legacy” အမည်ရတဲ့ သစ်ပင်ပြန်လည်ပျိုးထောင်ရေးအစီအစဉ်ထဲက တစ်ခုဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက အီသီယိုးပီးယားလူပေါင်းသန်းချီကို ဒီစိန်ခေါ်မှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ (၆) နာရီအတွင်းမှာ သစ်ပင် သန်း (၁၅၀) ဝန်းကျင် စိုက်ပြီးသွားပြီလို့ ဝန်ကြီးချုပ်အာမက်က တွစ်တာမှာ တင်ခဲ့သလို “ကျွန်တော်တို့ရဲ့ပန်းတိုင်ရောက်ဖို့ တစ်ဝက်သာလိုတော့တယ်။ ကျန်ရှိနေတဲ့အချိန်မှာ မှတ်တိုင်တစ်ခု တည်ဆောက်ကြမယ်” လို့လည်း အီသီယိုးပီးယားလူမျိုးတွေကို အားပေးစကားပြောခဲ့ပါတယ်။

(၁၂) နာရီကုန်ဆုံးသွားတဲ့နောက်မှာ အီသီယိုးပီးယားလူမျိုးတွေက “collective #GreenLegacy အစီအစဉ်” မှာ ပါဝင်ခဲ့သလို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ်က တွစ်တာအကောင့်မှာ ထပ်ပြီး ကြေညာခဲ့ပါတယ်။

စုစုပေါင်း သစ်ပင်မျိုးစေ့ (၃၅၃၆၃၃၆၆၀) ကို စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ဒီလိုသစ်ပင်စိုက်ပျိုးခြင်းစိန်ခေါ်မှုဟာ အာဖရိကရဲ့ ဒုတိယလူဦးရေအများဆုံးနိုင်ငံက ပြည်သူတွေကို တစ်နေ့တည်းနဲ့ သစ်ပင် (၂၀၀) သန်း စိုက်ပျိုးဖို့ ခွန်အားဖြစ်စေခဲ့တာပါ။

အီသီယိုးပီးယားနိုင်ငံရဲ့ တစ်နှစ်ပတ်လုံးရည်မှန်းချက်က ဒီထက် ပိုပြီးတောင် ကြီးမားလာပါတယ်။ မေလ နဲ့ အောက်တိုဘာလကြား မိုးရာသီအတွင်း သစ်ပင် (၄) ဘီလျံ စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

Ref: CNN “Ethiopia plants more than 350 million trees in 12 hours”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top