ဒိုင်ယာနာမင်းသမီးအတွက် ချားလ်မင်းသား လက်ဆောင်ပေးခဲ့တဲ့ကားကို လေလံတင်ရောင်းချ

28-6-2021-yyl-05.jpg

ချားလ်မင်းသားက စေ့စပ်လက်ဆောင်အဖြစ် ဒိုင်ယာနာမင်းသမီးကို ပေးခဲ့တဲ့ ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၇၂,၀၀၀ ကျော်နဲ့ လေလံတင်ရောင်းချပြီးသွားပြီလို့ သိရပါတယ်။ ၁၉၈၁ မော်ဒယ် Ford Escort Ghia ကားအမျိုးအစားကို မျှော်မှန်းထားတဲ့ ဈေးနှုန်းထက် ဒေါ်လာ ၃၀,၀၀၀ ပိုပြီး ရောင်းချခဲ့ရပါတယ်။

လေလံဆွဲသူတွေက ကားက ပေါင် ၃၀,၀၀၀ (ဒေါ်လာ ၄၁,၅၀၀) နဲ့ ပေါင် ၄၀,၀၀၀ (ဒေါ်လာ ၅၅,၄၀၀) ကြားရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ နောက်ဆုံးရောင်းဈေးက ပေါင် ၅၂,၆၄၀ (ဒေါ်လာ ၇၂,၈၀၀) ဖြစ်ခဲ့ပါတယ်။ ၁၉၈၁ခုနှစ်က မင်္ဂလာပွဲမကျင်းပခင် ၂ လအလိုမှာ ချားလ်မင်းသားက ဒီကားကို ဒိုင်ယာနာမင်းသမီးကို ပေးခဲ့တာပါ။ ဒိုင်ယာနာမင်းသမီးက ဒီကားကို ၁၉၈၂ခုနှစ် သြဂုတ်လအထိ မောင်းခဲ့ပါတယ်။

ဒိုင်ယာနာမင်းသမီးရဲ့ကားကို မူရင်းကားနံပါတ်ပြား၊ ဆေးသားနဲ့ အင်္ဂါနေ့မှာ ရောင်းချခဲ့ပါတယ်။ ကားရဲ့ကားပြေးနှုန်းတိုင်းကိရိယာက ခန့်မှန်းခြေ မိုင် ၈၃,၀၀၀ ရှိပါတယ်။ “The Ford ကားက ဒိုင်ယာနာမင်းသမီးရဲ့ကိုယ်ပိုင်ကားဖြစ်ပြီး ချားလ်မင်းသားနဲ့ အမှတ်တရတွေရှိခဲ့တဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒိုင်ယာနာမင်းသမီး အဲဒီကားကို မောင်းနေတဲ့ ပုံတွေလည်း အများကြီးရှိခဲ့သလို အဲကားထဲမှာ ထိုင်ပြီး ချားလ်မင်းသား ပိုလိုကစားတာကို ကြည့်ခဲ့တဲ့ ပုံတွေလည်း ရှိခဲ့ပါတယ်” လို့ the Reeman Dansie ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကားကို ရောင်းချခဲ့သူက ဒိုင်ယာနာမင်းသမီးကို လေးစားခဲ့တဲ့ အမည်မဖော်လိုသူအမျိုးသမီးဖြစ်ပြီး အဲဒီကားကို သူ့ရဲ့သူငယ်ချင်းတွေမသိအောင်လည်း လျှို့ဝှက်သိမ်းထားခဲ့တယ်လို့ သိရပါတယ်။ ဒိုင်ယာနာမင်းသမီးရဲ့ကားကို ပမာဏအများကြီးနဲ့ ရောင်းချခဲ့တာဆိုရင် ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဒိုင်ယာနာမင်းသမီးရဲ့ Audi Convertible ကားကိုလည်း ပေါင် ၅၈၀၀၀ (ဒေါ်လာ ၈၀၃၀၀) နဲ့ ရောင်းချခဲ့ပါတယ်။

Ref: CNN”Car given to Princess Diana from Prince Charles sells for $72,000″

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top