အသားရေအတွက် တမာနဲ့နနွင်းတို့ရဲ့အစွမ်းထက်အာနိသင်

3-9-2020-yyl-035.jpg

မိုးတွင်းကာလမှာ စိုစွတ်မှုက တိုးလာတာနဲ့ အသားရေနဲ့ပတ်သက်ပြီး အဆီပြန်တာ၊ ဝက်ခြံထွက်တာတွေဖြစ်လာနိုင်ပါတယ်။ အသားရေဂရုစိုက်ပေးဖို့ အချိန်ကျလာပြီလို့ ပြောသလိုပါပဲ။ တစ်နေ့တာ အသားရေထိန်းသိမ်းပေးတဲ့ အလေ့အကျင့်ရှိရင် ဝက်ခြံပေါက်တာလို အသားရေပြဿနာတွေကို ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ Lockdown ချထားတာကြောင့် အိမ်ထဲမှာပဲ အချိန်အများဆုံးကုန်ဆုံးနေရတဲ့အတွက် မျက်နှာသန့်စင်ပေးဖို့တောင် မေ့လျောနေတတ်ပါတယ်။ အခုလိုမိုးရာသီမျိုးဆိုရင် အသားရေကို Moisturise လုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ မိုးတွင်းကာလ စိုစွတ်မှုက သင့်အသားရေကိုလည်း ရေဓာတ်ကုန်ခန်းစေနိုင်တဲ့အပြင် အသားရေကို မွဲခြောက်ခြောက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အသားရေဖြစ်ဖို့ မှန်ကန်တဲ့အသားရေထိန်းသိမ်းနည်းနဲ့ အသားရေကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

ကျွန်မတို့တွေက တမာရွက်နဲ့ နနွင်းတို့ရဲ့ကောင်းကျိုးတွေအတွက် ကြားရင်းနဲ့ ကြီးပြင်းခဲ့ကြတာပါ။ တမာမှာ ဘိုင်အိုအက်တစ်ကွန်ပေါင်းဓာတ်တွေများစွာပါဝင်တာအပြင် ရောဂါကူးစက်မှုကို တွန်းလှန်ပေးနိုင်တဲ့ ဂုဏ်သတ္တိပါဝင်တဲ့အတွက် အသုံးများကြပါတယ်။ နနွင်းကျတော့ ပိုးသတ်ပေးနိုင်တဲ့ အစွမ်းသတ္တိ Antiseptic ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အစွမ်းထက်ပါတယ်။ တမာနဲ့နနွင်းက ကျွန်မတို့ရဲ့အသားရေအတွက် အစွမ်းထက်တဲ့ဂုဏ်သတ္တိရှိတယ်လို့ Dr Sushrutha က ဆိုပါတယ်။ တမာနဲ့နနွင်းမှာ ပါဝင်တဲ့ အန်တီဘတ်တီးရီးယယ်ဂုဏ်သတ္တိတွေက အသားရေပြဿနာတွေကို ပြေလျော့ပေးနိုင်စွမ်းရှိပါတယ်။ တမာနဲ့နနွင်းတို့ ပါဝင်တဲ့ဆပ်ပြာကို အသုံးပြုပေးမယ်ဆိုရင် ကျွန်မတို့အသားရေအတွက် ကောင်းပြီး အသားရေပြဿနာတွေမဖြစ်စေဘဲ အသားရေကို ကြည်လင်စေနိုင်ပါတယ်။

တမာနဲ့နနွင်းပါတဲ့ဆပ်ပြာနဲ့ အသားရေကို သန့်စင်ပေးတာက နီမြန်းတာ၊ ယားယံတာလို အသားရေပြဿနာတွေကို တိုက်ဖျက်ပေးတဲ့နေရာမှာ ကူညီပေးပါတယ်။ တမာနဲ့နနွင်းတို့နဲ့ အသားရေကို ကုသပေးရင်လည်း အခြားအကျိုးကျေးဇူးများစွာရှိပါတယ်။

အရေပြားမှာ ပိုးမဝင်အောင် ကူညီပေးတယ်

နနွင်းကို အဝါရောင်ဖြစ်စေတဲ့ ကာကူမင် (Curcumin) ဓာတ်က အရေပြားမှာ ရောဂါဘယမဖြစ်အောင်ကူညီပေးနိုင်တယ်လု့ိ လူအများသိထားကြပါတယ်။

နေလောင်ဒဏ်ကနေကာကွယ်ပေးတယ်

နနွင်းနဲ့တမာကလည်း နီမြန်းရောင်ရမ်းမှုတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့အတွက် နေလောင်ဒဏ်ကြောင့်ဖြစ်တတ်တဲ့ အသားရေလျော့ရဲတာ၊ အရေးအကြောင်းဖြစ်တာ၊ အစက်အပျောက်ဖြစ်တာတွေကို လျော့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။

ခြောက်သွေ့တဲ့အသားရေကို ရေဓာတ်ဖြည့်ပေးတယ်

နနွင်းက ခြောက်သွေ့တဲ့ အသားရေလက္ခဏာရပ်တွေကို ဖယ်ရှားပေးပြီး အသားရေနုပျိုလာအောင်ကူညီပေးနိုင်ပါတယ်။ ကြည်လင်တဲ့၊ တောက်ပတဲ့ကျန်းမာတဲ့ အသားရေဖြစ်ဖို့ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

ဝက်ခြံကို တွန်းလှန်ပေးတယ်

တမာနဲ့ နနွင်းက ဝက်ခြံအမျိုးမျိုးပေါက်ခြင်း အန္တရာယ်ကနေ တွန်းလှန်ပေးနိုင်ပါတယ်။ ဒီသစ်ဥသစ်ဖုမှာ ပါဝင်တဲ့အာနိသင်တွေက ဘတ်တီးရီးယားတွေကို တွန်းလှန်ပေးပြီး အသားရေကို နူးညံ့သွားစေပြီး ဝက်ခြံအမာရွတ်တွေကို မှေးမိန်သွားအောင် ကူညီပေးနိုင်ပါတယ်။

Ref: Neem and turmeric for healthier skin during monsoons

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top