သလဲသီးရဲ့ အသားရေ ကောင်းကျိုးတွေ

2-6-2020-yyl-041.jpg

သလဲသီးက အရသာရှိတဲ့အပြင် အကျိုးကျေးဇူးတွေလည်းရှိတဲ့ အသီးတွေထဲက တစ်ခုပါပဲ။ သလဲသီးက နှလုံးအားကောင်းစေတာကစပြီး လူခန္ဓာကိုယ်မှာ ရောဂါဖြစ်နိုင်ချေကို လျော့ချပေးတာအထိ အသုံးဝင်မှုများစွာရှိတဲ့အတွက် သလဲသီးကို လူတော်တော်များများ ကြိုက်ကြပါတယ်။ သလဲသီးက ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အသားရေအတွက်လည်း အစွမ်းထက်တဲ့အသီးဖြစ်ပါတယ်။ အသားရေကို လှပတင်းရင်းစေတဲ့အပြင် အိုမင်းရင့်ရော်မှုကို နှေးကွေးအောင်လုပ်နိုင်ပါတယ်။ သလဲသီးကို အသားရေပြဿနာတွေ အဆုံးသတ်သွားစေဖို့အတွက် အသားရေထိန်းသိမ်းနည်းအဖြစ် အသုံးပြုလို့ရပြီး သဘာဝအလျောက် အသားရေကို ကြည်လင်သွားစေမှာဖြစ်ပါတယ်။ ပျိုမေတွေ အသားရေကြည်လင်ပြီး လှပသွားစေဖို့အတွက် သလဲသီးရဲ့အသားရေကောင်းကျိုးတွေကို မျှဝေပေးလိုက်ရပါတယ်။

မျက်နှာသန့်စင်ဖို့အတွက် သလဲသီးစေ့အဆီ

အသားရေသန့်စင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိကြပါတယ်။ မျက်နှာသစ်ဆေးနဲ့ မျက်နှာသန့်စင်ပေးလို့ရသလို အဆီနဲ့လည်း မျက်နှာသန့်စင်ပေးလို့ရပါတယ်။ သလဲသီးစေ့အဆီနဲ့ မျက်နှာသန့်စင်ပေးတာကလည်း မျက်နှာသန့်စင်ပေးတဲ့နည်းပါပဲ။ ဖောဗိုနွိုက် (Flavonoids) အက်ဆစ်နဲ့ ပြူနီစီအက်ဆစ် (Punicic Acid) တွေကြွယ်ဝတဲ့ သလဲသီးစေ့အဆီက အသားရေကို အာဟာရဓာတ်ဖြည့်ပေးပြီး သင် အမြဲလိုချင်တဲ့ အသားရေမျိုးကို ပေးစွမ်းနိုင်ပါတယ်။

Exfoliation လုပ်ဖို့အတွက် သလဲသီးစေ့

အသားရေကြည်လင်ပြီး နူးညံ့ချင်ရင် သင့်အသားရေကို Exfoliation (Scrub) လုပ်ပေးဖို့လိုပါတယ်။ အသားရေကို သလဲသီးစေ့တချို့နဲ့ exfoliation လုပ်ခြင်းဖြင့် ဆဲလ်အသေတွေကို ဖယ်ရှားပေးသင့်ပါတယ်။ သလဲသီးစေ့Scrub လုပ်ဖို့ဆိုရင် သလဲသီးစေ့တချို့ကို ကြိတ်ပြီး နှင်းဆီရည်ထည့်ကာ သမအောင်မွှေလိုက်ရုံပါပဲ။ ပြီးရင် မျက်နှာမှာ လိမ်းပြီး နှိပ်နယ်ပေးလိုက်ပါ။ Scrub လုပ်ပြီးသွားရင် ရေအေးအေးလေးနဲ့ မျက်နှာကို သန့်စင်ပေးလိုက်ရမှာဖြစ်ပါတယ်။

တိုနာအတွက် သလဲသီးအရည်

သလဲသီးကို သဘာဝအသားရေ တိုနာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်ပြီးသွားရင် သလဲသီးအရည်အနည်းငယ်ယူပြီး ပန်းသီးအရက်ဗင်နီဂါအနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင် မျက်နှာမှာ တိုနာအဖြစ် အသုံးပြုလိုက်ရုံပါပဲ။ သလဲသီးအရည်ကို အများကြီးတော့ အသုံးမပြုပါနဲ့။ မျက်နှာမှာ စေးကပ်ကပ်ဖြစ်နေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

မျက်နှာပေါင်းတင်ဆေးအတွက် သလဲသီးအရည်

သလဲသီးအရည်ကိုလည်း မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုလို့ရပါတယ်။ မျက်နှာပေါင်းတင်ဆေးလုပ်ဖို့ဆိုရင် ရွှံ့စေး(aztec clay) နဲ့ သလဲသီးအရည်တို့ကို သမအောင်မွှေရမှာပါ။ ပြီးရင် မျက်နှာမှာ လိမ်းလိုက်ပြီး ခြောက်သွားတဲ့အထိ အချိန် (၁) နာရီလောက်ထားလိုက်ပါ။ အဲဒီနောက် မျက်နှာကို ရေနဲ့သန့်စင်ပေးလိုက်မယ်ဆိုရင် လှပတဲ့အသားရေကို သင် မြင်တွေ့ရပါလိမ့်မယ်။

Ref: 4 amazing skin benefits of pomegranate

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top