ပင်မင်းစက်ထဲထည့်ဖို့ အကြွေလိုလို့ ထီထိုးရာကနေ ဒေါ်လာ ၂၅၀၀၀၀ ဆု ဆွတ်ခူးခဲ့သူ

24-8-2022-yyl-08.jpg

အမျိုးသားတစ်ယောက်ဟာ ပင်မင်းစက်ထဲထည့်ဖို့ ငွေအကြွေလိုလို့ ထီဝင်ထိုးရာကနေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ဆု ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်သူ ဟွမ်ဂါစီယာဟာ ပင်မင်းစက်ထဲ ထည့်ဖို့ ဒါဟမ်းမြို့ University Market မှာ အကြွေဝင်ဖြတ်ရင်း ထီထိုးခဲ့တာပါ။

၅ ဒေါ်လာတန် Mega Bucks Limited Edition ခဲခြစ်ထီကနေ ဒေါ်လာ ၂၅၀၀၀၀ ဆု ဆွတ်ခူးခဲ့တာပါ။ ” မယုံနိုင်အောင် ဖြစ်သွားတယ်။ မျက်လုံးထဲမှာ သုညတွေ မြင်နေတုန်းပဲ”လို့ ဂါစီယာက ဆိုပါတယ်။ ထီပေါက်လို့ သူတို့မိသားစု မျှော်လင့်ထားတဲ့ အိမ်ကောင်းကောင်းတစ်လုံး ဝယ်ယူမှာဖြစ်ပြီး ၆ လအရွယ် သမီးငယ်ကိုလည်း ကောင်းကောင်းထားနိုင်ပြီလို့ သူက ပြောပါတယ်။

Ref: Man who needed change for laundry machines wins $250,000 lottery prize

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top