GDragon အတွက် အထူးစပယ်ရှယ် Sneakers တစ်ရံထုတ်ပေးလိုက်တဲ့ Nike

gg.jpg

GDragon ဟာ တစ်ကမ္ဘာလုံးမှာ အခြားဘယ်သူထံမှာမှ မရှိတဲ့ အားကစားအမှတ်တံဆိပ် Nike ထံမှ Sneakers တစ်ရံ ရရှိသွားခဲ့ပါပြီ။

ကေ-ပေါ့ စတားဟာ ဖက်ရှင် icon တစ်ဦးဖြစ်ပြီး သူဝတ်ဆင်လေ့ရှိတဲ့ အရာအားလုံးဟာ ပရိသတ်တွေကြားမှာ အမြဲတမ်း ပေါက်လေ့ရှိတာတော့ ကွယ်ဝှက်ထားရမယ့် ကိစ္စမဟုတ်ပါဘူး။ ကိုးရီးယား ပြည်တွင်း/ပြည်ပ တွေမှာ ချန်နယ်တွေ၊ များပြားလှတဲ့ နာမည်ကျော်အမှတ်တံဆိပ်တွေရဲ့ ဖက်ရှင်ရှိုးပွဲတွေမှာ အမြဲတမ်း ဖိတ်ကြားခံရသူလည်းဖြစ်ပါတယ်။

GDragon ရဲ့ ဖက်ရှင်လောကမှာ ကျော်ကြားမှုကို သိရှိတဲ့ Nike ဟာ ဒီလို အထူးစပယ်ရှယ် sneakers ကို သူ့တစ်ဦးတည်းအတွက် ထုတ်လုပ် ပေးလိုက်တာဖြစ်ပါတယ်။ Nike ရဲ့ ယခင် Air Force 1 Low စတိုင်ကို အခြေခံပြီး ပြုလုပ်ခဲ့တာပါ။

GD အတွက် sneakers မှာတော့ ပန်းပွင့်ပုံစံတွေ ထည့်သွင်းထားပေးပြီး နာမည်ကိုလည်း ‘Flower Road’ လို့ ပေးထားပါတယ်။ ရှုးရဲ့အရှေ့ဘက်မှာတော့ GD ရဲ့ အဝတ်အစားလိုဂို (GDragon’s clothing line) ဖြစ်တဲ့ Peace Minus One လိုဂိုကိုပါ ထည့်သွင်းပေးထားပါတယ်။
Ref: Starlive: Nike Gave GDragon a Special Edition Sneakers… It Only Exists One in the Whole Universe
Pyae Pyae (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top