အနက်လား၊ ရွှေရောင်လား၊ ဘယ်အရောင်ဖုန်းကို ပို သဘောကျသလဲ

A0104106OK_BIG_1.jpg

ဒီဘက်ခေတ်မှာတော့ စမတ်ဖုန်းတွေဟာ ဆက်သွယ်ရေး အထောက်အကူပစ္စည်းတင် မကတော့ပါဘူး။ ဖုန်းတွေရဲ့ ဒီဇိုင်းတွေ၊ စတိုင်တွေကပါ ဖုန်းအသုံးပြုသူကို တစိတ်တပိုင်း ကိုယ်စားပြုနေပါတယ်။ အဖြူရောင်၊ ငွေရောင်၊ သတ္တုရောင် အရောင်ဆန်း အမျိုးမျိုးကို တွေ့ရပေမယ့် အနီးအနားက ဖုန်းတွေကို သတိထားကြည့်မိရင် အနက်ရောင်နဲ့ ရွှေ့ရောင်က အများဆုံး ဖြစ်နေတာကို တွေ့ရမှာပါ။ အနက်ရောင်နဲ့ ရွှေရောင်တွေမှာတောင် အမျိုးအစား အမျိုးမျိုးထပ် ခွဲထားတာတွေ အများကြီးပါပဲ။ ဒါပေမယ့် ယေဘုယျအနေနဲ့ ပြောရရင် ဖုန်းဆိုင်တွေမှာလည်း ဒီအရောင် နှစ်မျိုးကို လူတွေက ပိုပြီး သဘောကျ ကြတယ်လို့ သိရပါတယ်။ ဖုန်း Brand တွေကလည်း ဒီအရောင်နှစ်မျိုးကို အသားပေးထုတ်လုပ်လာကြပါတယ်။

Vivo ကတော့ V7+အပြီး နောက်ထပ် ထွက်ရှိမယ့် V7 ဖုန်းကို အနက်ရောင်အပြင် ရွှေရောင် (Crown Gold Color) နဲ့ပါ တွဲဖက်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ V7+ တုန်းကတော့ အနက်ရောင် တစ်မျိုးတည်းနဲ့ ထုတ်ခဲ့တာပါ။ V7 ဖုန်းအသစ်မှာ V7+ နဲ့ တူတာတွေက FullViewTM Display ၊ 24 MP ရှေ့ကင်မရာ ၊ 16 MP နောက်ကင်မရာ ၊ Face Access နဲ့ lock ဖွင့်နိုင်မယ့် စနစ်နဲ့ ကျောဘက်က finger scanner ပါဝင်လာတာပါပဲ။  4 GB RAM နဲ့ 32  GB ROM လည်း သူ့မှာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် V7 နဲ့ ပတ်သက်တဲ့ specification အပြည့်အစုံကို လက်ရှိအချိန်မှာ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးသလို ဈေးနှုန်းကိုတော့ တရားဝင် ကြေငြာထားတာ မရှိသေးပါဘူး။ ဒီ နိုဝင်ဘာလ မကုန်ခင် ပြည်တွင်း ဈေးကွက်မှာ ဝယ်ယူသွားနိုင်မယ်လို့ပဲ သိရပါသေးတယ်။

အရောင်တွေနဲ့ လူ့ စိတ် အကြိုက် ဆက်စပ်ပုံအရတော့ ဒီလို ရှိပါတယ်။ အများအားဖြင့် လူငယ်တွေနဲ့ အမျိုးသားအများစုကတော့ ကျစ်လျစ်သိပ်သည်းပြီး လျှို့ဝှက်နက်နဲပုံရတဲ့ အနက်ရောင်ကို ပိုမိုနှစ်ခြိုက်ကြပါတယ်။ ဒါ့အပြင် အနက်ရောင်က ဘာအရောင်နဲ့မဆို တွဲရလွယ်တော့  ဖုန်းနဲ့ တွဲစပ်မယ့် ကာဗာတွေ၊ တခြား accessories တွေ ဘာအရောင်ဖြစ်ဖြစ် လိုက်ဖက်တာ များပါတယ်။ အမျိုးသမီးတွေ ၊ Celebrity တွေ ၊ ပွဲလမ်းအခမ်းအနားတွေ တက်ရတာများသူတွေ ကြတော့ လူအများကြားမှာ တောက်ပ လင်းလက်နေစေမယ့် ရွှေရောင်ကို ရွေးကြသတဲ့။

ကဲ … စာဖတ်သူတွေရော ၊ ဘယ်အရောင်ကို ပို သဘောကျသလဲ ၊ ဘာလို့ သဘောကျသလဲ။ ပြောပြပါဦး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top