Vivo Myanmar မှ နေခြည်ဦးအား Brand Ambassador အဖြစ်မိတ်ဆက်

52259289_2187692081274032_8573628615516749824_n.jpg

အဆင့်မြင့်စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo က နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်၊ ဖက်ရှင်မော်ဒယ်လ်နဲ့ အလှအပရေးရာအထူးကျွမ်းကျင်သူ နေခြည်ဦးကို မြန်မာနိုင်ငံဆိုင်ရာ Brand Ambassador အဖြစ်ခန့်အပ်လိုက်ပါတယ်။

အခုဖေဖေါ်ဝါရီလမှာ ထွက်ရှိလာမယ့် V15|V15Pro စမတ်ဖုန်းတွေနဲ့ပတ်သက်တဲ့ Vivo ရဲ့ အစီအစဉ်တွေအပြင် ရှေ့လာမယ့်အစီအစဉ်တွေမှာ နေခြည်ဦးနဲ့ အတူလက်တွဲလုပ်ဆောင်သွားတော့မှာပါ။ Vivo အမှတ်တံဆိပ်ရဲ့အနှစ်သာရနဲ့ ကိုက်ညီမှုရှိတဲ့ အလှအပဆိုင်ရာကြယ်ပွင့် နေခြည်ဦးကို Vivo ရဲ့ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ဈေးကွက်ချဲ့ထွင်မှုလုပ်ငန်းတွေမှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

“နေခြည်အနေနဲ့ Vivo Myanmar ရဲ့ ဆက်လက်လျှောက်လှမ်းသွားမယ့် ခရီးလမ်းမှာ ပါဝင်ဖို့ ဖိတ်ကြားခံရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်”လို့ နေခြည်ဦးမှ ပြောပြခဲ့ပြီး “Vivo က တီထွင်ဆန်းသစ်မှုရှိပြီး အောင်မြင်ကျော်ကြားတဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်၊ နေခြည်တို့အားလုံးအတွက်လည်း စမတ်ဖုန်းနည်းပညာကို ပိုမိုမြင့်မားလာအောင် အစဉ်တစိုက် ရှာဖွေနေပြီးတော့ အကောင်းဆုံးမိုဘိုင်းလ်သုံးစွဲမှုအတွေ့အကြုံကို ယူဆောင်လာပေးတဲ့နေရာမှာ ချန်ပီယံလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ နေခြည့်အနေနဲ့ စမတ်ဖုန်းလောကမှာ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး အကောင်းတကာ့အကောင်းဆုံးကို ဖန်တီးပေး သွားမယ့် Vivo ရဲ့ ခရီးလမ်းတစ်လျှောက်မှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်” လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

Vivo အမှတ်တံဆိပ်ဟာ မြန်မာနိုင်ငံဈေးကွက်အတွင်းကို ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်က ဝင်ရောက်လာခဲ့ပြီး အဲဒီအချိန်ကစလို့ သုံးစွဲသူတွေအကြိုက်တွေ့စေမယ့် စမတ်ဖုန်းနည်းပညာကို ယူဆောင်လာပေးဖို့အတွက် အရောင်းဆိုင်များစွာထားရှိပေးထားပြီး ဈေးနှုန်းသင့်တင့်၊ အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းများကို ယူဆောင်လာပေးလျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top