တိုင်းနဲ့ပြည်နယ် (၇) ခုက လူဦးရေ တစ်သိန်းကျော် ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရ

225159922_114392487594085_8855647238283647544_n.jpg

ရန်ကုန်၊ သြဂုတ် (၂၀)

တိုင်းနဲ့ပြည်နယ် (၇) ခုက လူဦးရေ တစ်သိန်းကျော်ဟာ ရေကြီးရေလျှံမှုဒဏ်ကို ခံစားနေရတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အစီအရင်ခံစာအရ သိရပါတယ်။

ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ကရင်၊ ရခိုင်၊ မွန်၊ ရှမ်းအရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးက လူဦးရေ စုစုပေါင်း (၁၂၅,၀၀၀) ဝန်းကျင်က ရေကြီးရေလျှံမှုဒဏ်ကို ထိခိုက်ခံစားခဲ့ရတယ်လို့ United Nations OCHA ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒေသခံလူထုအသိုင်းအဝိုင်းနဲ့ စေတနာ့ဝန်ထမ်းတွေက ရေကြီးမှုဒဏ်ခံစားရတဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတယ်။” လို့ သူက ပြောပါတယ်။

ဒါ့ပြင် လက်ရှိမှာ မြန်မာနိုင်ငံက ပြည်သူ (၃) သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသေးတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်မှာ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာလည်း ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရတဲ့အပြင် မြန်မာနိုင်ငံက ထိခိုက်နစ်နာလွယ်သူ လူဦးရေ (၃) သန်းအတွက် အကာအကွယ်ပေးရေးနဲ့ လိုအပ်နေတဲ့ အကူအညီတွေ ပေးအပ်ဖို့ အမေရိကန်‌ဒေါ်လာ (၃၈၅) သန်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo- Social Media
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top