ဆယ်စုနှစ်ရဲ့တစ်နှစ်တာအကောင်းဆုံး လက်ဝှေ့သမားအဖြစ် မေဝယ်သာ ရွေးချယ်ခံရ

yyl-045-3.jpg

အမေရိကန် လက်ဝှေ့ကလောင်ရှင်များ အစည်းအရုံးက နှစ်စဉ်ပေးအပ်တဲ့ အကောင်းဆုံးဆုတွေကို မေဝယ်သာနဲ့ ကာနယ်လိုအယ်ဗာရက်ဇ်တို့ ဆွတ်ခူးခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ကြေညာခဲ့တဲ့ မဲရလဒ်တွေအရ မေဝယ်သာဟာ ဂျိုးလူဝီရဲ့ ဆယ်စုနှစ်အကောင်းဆုံး လက်ဝှေ့သမားဆု ဆွတ်ခူးနိုင်ခဲ့ပြီး မက္ကဆီကိုလက်ဝှေ့သမား အယ်ဗာရက်ဇ်က ၂၀၁၉ ခုနှစ် ရှူးဂါးရေးရော်ဘင်ဆန်ရဲ့ တစ်နှစ်တာအကောင်းဆုံး လက်ဝှေ့သမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မေဝယ်သာနဲ့ ကာနယ်လိုအယ်ဗာရက်ဇ်တို့ကို နွေဦးကာလမှာ ကျင်းပမယ့် (၉၅)ကြိမ်မြောက် BWAA ဆုပေးပွဲ အခမ်းအနားကျရင် တခြားဆုရသူတွေနဲ့အတူ ဆုချီးမြှင့်သွားမှာပါ။ မေဝယ်သာဟာ ၂၀၁၃ ခုနှစ်တုန်းက ဂျူနီယာမစ်ဒယ်ဝိတ်တန်း အငြင်းပွားစရာမရှိ ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲမှာ အယ်ဗာရက်ဇ်ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ မေဝယ်သာနဲ့ အယ်ဗာရက်ဇ်ပွဲစဉ်ဟာ အဲဒီအချိန်တုန်းက pay-per-view အရ ဝင်ငွေအများဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။ မေဝယ်သာဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ထိုးသတ်ခဲ့တဲ့ ပွဲစဉ်(၁၀)ပွဲလုံး အနိုင်ရခဲ့သူပါ။ မေဝယ်သာဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း BWAA ရဲ့ တစ်နှစ်တာအကောင်းဆုံး လက်ဝှေ့သမားဆုကို (၂)ကြိမ်ပဲ(၂၀၁၃ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ) ဆွတ်ခူးနိုင်ခဲ့သူပါ။ မက္ကဆီကိုလက်ဝှေ့သမား အယ်ဗာရက်ဇ်ဟာ (၅၃ ပွဲနိုင်(၃၆ ပွဲ အလဲထိုး)၊ ၁ ပွဲရှုံး၊ ၂ ပွဲသရေ)မှတ်တမ်း ပိုင်ဆိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top