သင် သောက်သုံးနေသော ရေကို ကျေးဇူးတင်ကြောင်း ပြောပါ

yyl-035-9.jpg

ဟုတ်ကဲ့ပါ။ ကြားရတာ ထူးဆန်းနေပြီး အနည်းငယ် အူကြောင်ကြောင်နိုင်တယ်လို့ ခံစားရပါလိမ့်မည်။ သို့သော် အကြောင်းအရင်းကို အတိအကျ လေ့လာသိရှိသွားလျှင် အရမ်းကို တန်ဖိုးရှိသော ဗဟုသုတ တစ်ခု ဖြစ်လာပါလိမ့်မည်ဟု ယုံကြည်ပါသည်။ စာရေးသူသည် ရေသောက်ခြင်းကို အကျင့်တစ်ခုအနေဖြင့် နေ့စဉ်ပြုလုပ်တတ်သည် ဖြစ်ပြီး ခန္တာကိုယ်အတွက် ရေ၏ အရေးပါပုံကို စာပေဗဟုသုတများမှ တစ်ဆင့် အများနည်းတူ သိရှိထားသူဖြစ်ပါသည်။ သို့သော် လွန်ခဲ့သောရက်ပိုင်းအတွင်းက ရေနှင့် ပတ်သတ်ပြီး ထူးဆန်းသော ဖြစ်စဉ် အကြောင်းအရာ တစ်ခုကို ပထမဦးဆုံး သိရှိကာ စိတ်ဝင်စားလွန်းသဖြင့် လေ့လာရင်း သိရှိထားသမျှကို စာဖတ်သူများအတွက် ဗဟုသုတအနေဖြင့် ရေးသားဝေမျှပေးလိုက်ပါသည်။

ထိုအကြာင်းအရာမှာ အခြားမဟုတ် “ရေတွင် မှတ်ဉာဏ်ရှိသည်။ (water memory)” ဟူသည့် အကြောင်းအရာပင်ဖြစ်သည်။ သမိုင်းကြောင်းကို ပြန်ပြောရမည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒါသည် ဘာသာရေး အယူအဆတစ်ခုသာဖြစ်ခဲ့သည်။ အိန္ဒိယရှိ ဘာသာရေး အစွဲပြု ပုဂ္ဂိုလ်များက လောကတွင် မီး၊ ရေ၊ လေ၊ မြေ နှင့် စကြာဝဠာဟူသည့် စွမ်းအားများရှိသည်ဟု ယုံကြည်ကြပြီး ရေဓာတ်တွင် မိမိက ကောင်းမွန်သော စိတ်စွမ်းအား အပေါ်အခြေခံ၍ သောက်သုံးမည်ဆိုလျှင် ခန္တာကိုယ်အတွက် သာမာန်ထက်ပို၍ ထူးခြားသော ကုစားနိုင်သည့် စွမ်းအားများပေးနိုင်သည်ဟု ဘာသာရေးပွဲများတွင် ထည့်သွင်းဟောပြောကြလေ့ရှိသည်။

မြန်မာနိုင်ငံ တွင်လည်း ထိုအယူအဆ ရှိနေပြန်သည်။ ဥပမာအနေဖြင့် နှစ်ဆန်းတစ်ရက်နေ့လို နှစ်သစ်အချိန်အခါမျိုးတွင် သောက်ရေဘူးငယ်လေးများ ဝယ်ကာ သံဃာတော်များအား ကပ်လှူကာ ပရိတ်တရားနာကြားစဉ် ရေတွင် အန္တာရာယ်ကင်းဓာတ် ကိန်းအောင်းသွားပြီး ထိုရေကို သောက်သုံးလျှင် အန္တာရာယ်ကင်း ဘေးရန်ရှင်းသည်၊ ထိုရေကို အိမ်ပတ်ဝန်းကျင်တွင် ပက်ဖြန်းလျှင် အန္တာရာယ်ကင်း ဘေးရန်ရှင်းသည်ဟု ယူဆကာ လုပ်ထုံးလုပ်နည်းများ သက်ဝင်ယုံကြည်ကြသည်။

ဒါသည် ဘာသာရေးအယူအဆ သက်သက်ပင် မဟုတ်တော့ဘဲ သိပ္ပံနည်းကျ စမ်းသပ် အောင်မြင် အတည်ပြုနိုင်ခဲ့သော အချက်ပင် ဖြစ်သည်။ Water memory အကြောင်းကို သိပ္ပံနည်းကျ ရှင်းပြရမည်ဆိုလျှင် ရေတွင် ပါဝင်သည့် မော်လီကျူးများသည် ပုံဆောင်ခဲအသေးငယ်လေးများဖြစ်ပြီး ထိုပုံဆောင်ခဲသေးငယ်လေးများသည် အရင်က ရေတွင် ပျော်ဝင်ခဲ့ဖူးသည့် ဖြစ်စဉ်များကို ပြန်လည်ပုံဖော်နိုင်သည့် ပရိုဂရမ် လုပ်ဆောင်နိုင်စွမ်းရှိနေသည်ဟုဆိုသည်။

Water memory အကြောင်းအရာသည် ရူပဗေဒ နှင့် ဓာတုဗေဒ ဆိုင်ရာ စပ်နွယ်သော လေ့လာမှုဖြစ်ပြီး ကနဦးပိုင်းတွင် များစွာသော သိပ္ပံပညာရှင် အဖွဲ့အစည်းများအကြား အငြင်းပွားဖွယ် အကြောင်းအရာ တစ်ခုဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဓာတုဗေဒပညာရှင် Jacques Benveniste သည် ထိုအငြင်းပွားမှုကြားမှ Water memory ၏ အခြေခံကြောရိုးဖြစ်သည် Homeopathic dilutions အကြောင်း သူလေ့လာထားသည့် မှတ်တမ်းတစ်ခုကို တွဲဖက် ပညာရှင် John Maddox ၏ ပူးတွဲလေ့လာချက်နှင့်အတူ ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်ပြီးနောက်တွင် များစွာသော သိပ္ပံပညာရှင်များသည် ထိုအကြောင်းအရာအပေါ် လက်တွေ့စမ်းသပ်ချက်များ စတင်ပြုလုပ်လာကြသော်လည်း သူ၏ စာတမ်းအပေါ် အကောင်းအဆိုး နှင့် အောင်မြင်သော လက်တွေ့စမ်းသပ်ချက် အဖြေများ အကြောင်းပြန်လာခြင်းမရှိခဲ့ပေ။ ထို့နောက် ယင်းအကြောင်းအရာနှင့် ပက်သတ်၍ သိပ္ပံပညာရှင်များ ဆက်လက်လေ့လာချက်များ တည်ရှိ နေခဲ့သည်။

Water memory အား လက်တွေ့ သရုပ်ဖော် စမ်းသပ်ပြသနိုင်ခဲ့သူ ဂျပန် သိပ္ပံပညာရှင် Dr. Masaru Emoto ၏ စမ်းသပ်ချက်များသည် ရူပဗေဒ လောကတွင် အလွန်ပင် ထွန်းပေါက် ရိုက်ခတ်နိုင်ခဲ့သည်။ သူသည် ထိုစမ်းသပ်မှုကို နှစ်ပေါင်း ၂၀ကျော်ကြာ လေ့လာခဲ့ပြီး သူ၏ စမ်းသပ်မှုက ရေတွင် ပါဝင်သည့် မော်လီကျူးများက ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများဖြစ်သည့် လူသားတို့၏ အသံ၊ စကားလုံး၊ အတွေးများကြောင့် ရေကို မည်သို့ပြောင်းလဲစေတတ်ကြောင်းကို မျက်ဝါးထင်ထင် သရုပ်ဖော်ပြသနိုင်ခဲ့သည်။

သူ၏ စမ်းသပ်မှုတွင် သူသည် ရေကို ခွက်ငယ်လေးများထဲတွင် ထည့်ကာ နေ့စဉ် ထိုရေခွက်များမှ တစ်ခွက်ကို “ချစ်တယ်”၊ တစ်ခွက်ကို “ကျေးဇူးတင်တယ်”၊ တစ်ခွက်ကို “အေးချမ်းတယ်”၊ တစ်ခွက်ကို “မုန်းတယ်”၊ တစ်ခွက်ကို “ငါနင့်ကို သတ်ချင်တယ်” ဟု နေ့စဉ်ပြောပြီး ရေခဲ အဖြစ် ပြုလုပ်ရာ မတူညီသည့် ရေခွက်များတွင် မတူညီသည့် ရေခဲပွင့် ပုံစံများကို အထက်ပါပုံအတိုင်း တွေ့ရသည်။ အကြောင်းမှာ သင် နေ့စဉ် ချစ်တယ်၊ ကျေးဇူးတင်တယ်၊ အေးချမ်းတယ် အစရှိသည့် ကောင်းသောအတွေး၊ ကောင်းသောစကားများ ပြောပေးခြင်းကြောင့် ရေတွင် ပါဝင်သည့် ပုံဆောင်ခဲ မော်လီကျူးများသည် သာမာန်ထက် ပို၍ကောင်းစွာ ဖွဲ့စည်တည်ဆောက်ပြီး ပြည့်ဝသော မော်လီကျူးဖွဲ့စည်းမှုကို ဖြစ်တည်စေသည်။

ယင်းအချက်ဟာ ရေ၏ မော်လီကျူးများသည် နေ့စဉ် ကောင်းမွန်သော အသံ စကားများ ကို မှတ်သားနိုင်ခြင်းကြောင်း ကောင်းစွာဖွံ့ဖြိုး ကြသည်ဟု သက်သေထူသည်။ ဆန့်ကျင်ဘက်အနေဖြင့် “မုန်းတယ်”၊ “ငါနင့်ကို သတ်ချင်တယ်” ဟု နေ့စဉ်ပြောနေခဲ့သော ရေခွက်များရှိ ရေမှ မော်လီကျူးများသည် ဆိုးရွားစွာပျက်စီးနေပြီး ရေခဲအဖြစ်သို့ရောက်သောအခါ ပျက်စီးနေသော ပုံဆောင်ခဲ အလားတွေ့ရှိရသည်။

ကောင်းစွာဖွံ့ဖြိုးသော မော်လီကျူးပါဝင်သည့်ရေကို သောက်သုံးခြင်းသည် ပျက်စီးနေသော မော်လီကျူးပါဝင်သည့်ရေကို သောက်သုံးခြင်းထက် သင့်ခန္တာကိုယ်ကို ပို၍ အကျိုးပြုသည်ဟုဆိုသည်။ ထို့ကြောင့် သင့်ရေဘူး၊ ရေခွက်များ အနားတွင် ချိုသာသော တေးဂီတသံ၊ ကောင်းမွန်သော စကားများကို ဆိုခြင်းဖြင့် ရေ၏အကျိုးအာနိသင် အစများစွာ တိုးပွားစေသည်။ အနည်းဆုံးတော့ သင်ရေသောက်မည့် ရေကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top