ဆိုးလ်ရှားလက်ထက် ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲတွေ့ခဲ့တဲ့ မန်ယူ

m1.jpg

အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ ပွဲစဉ်မှာတော့ အာဆင်နယ်က (၂) ဂိုးပြတ် အနိုင်ယူပြီး အဆင့် (၄) နေရာ တက်လှမ်းသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ အူဘာမီယန်း၊ လာကာဇက်တီ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး မန်ယူကလည်း လူကာကူ၊ ရက်ရှ်ဖို့ဒ် တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။

 

ပွဲချိန် (၉) မိနစ်မှာ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို လူကာကူ ပိတ်သွင်းရာမှာ ဘားထိထွက်ခဲ့ပါတယ်။ နောက် (၃) မိနစ် အကြာမှာတော့ အာဆင်နယ်အသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ဇာခါရဲ့ အဝေးကန်ချက် ဘောလုံးလမ်းကြောင်း တစ်ဆစ်ချိုးပြောင်းပြီး ဂိုးဝင်ခဲ့လို့ အာဆင်နယ် အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂီယာလည်း ဘောလုံးလမ်းကြောင်းကို တွက်ဆပုံ မှားယွင်းခဲ့လို့ ဂိုးပေးခဲ့ရတာပါ။ ဂိုးပေးလိုက်ရပြီးနောက်မှာ မန်ယူအသင်း ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဖရက်ဒ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့သလို လူကာကူလည်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ပါဘူး။

ပွဲချိန် (၆၈) မိနစ်မှာတော့ မန်ယူအသင်း ပင်နယ်တီဧရိယာထဲမှာ လာကာဇက်တီကို ဖရက်ဒ် ခြေချိတ်သလိုဖြစ်ခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ပင်နယ်တီကနေ အူဘာမီယန်းက ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ အူဘာမီယန်းဟာ ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း အာဆင်နယ်အတွက် တစ်ရာသီအတွင်း ဂိုး (၂၀) သွင်းယူပေးနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ထပ်ဆောင်းအချိန်ပိုမှာ ရက်ဖို့ဒ် ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ ဂိုးသမား လီနိုဆီ တန်းတန်းမတ်မတ် ရောက်သွားလို့ ဂိုးမရခဲ့တာပါ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) အပြီးမှာ မန်ယူထက် ၂ မှတ်အသာ၊ တစ်ပွဲလျော့နေတဲ့ ချဲလ်ဆီးထက် (၃) မှတ်၊ ဂိုးကွာခြားချက် (၅) ဂိုးအသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နေရာကို တက်လှမ်းသွားခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top