ဘုရားကျောင်းမှာ ဝတ်ပြုနေတုန်း ရေတွင်းထဲပြုတ်ကျလို့ လူ ၃၅ ဦး သေဆုံး

31.3.2023-yyl-iamge-24.jpg

အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာပရာဒက်ရှ်ပြည်နယ်က ဘုရားကျောင်းမှာ ဝတ်ပြုနေတုန်း ရေတွင်းထဲ ပြုတ်ကျလို့ အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က အင်ဒိုရီမြို့က ဘီလီရှဝါမဟာဒေဝယဟူလီလယ်ဘုရားကျောင်းမှာ ရာမနတ်ရဲ့ မွေးနေ့အထိမ်းအမှတ် ဝတ်ပြုပွဲလုပ်နေတုန်း ရေတွင်းကို အုပ်ထားတဲ့ ကွန်ကရစ်ပြား ကျွံကြပြီး လူတွေ ရေတွင်းထဲ ပြုတ်ကျခဲ့တာပါ။ ဒီဖြစ်ရပ်မှာ လူ ၁၄ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး လူတစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲပါ။

လူအများအပြား တက်ရပ်နေလို့ ဝိတ်မခံနိုင်ဘဲ ကွန်ကရစ်ပြား ကျွံကျခဲ့တာဖြစ်ပြီး လူတွေဟာ ပေ ၄၀ နီးပါးနက်တဲ့ ရေတွင်းထဲ ပြုတ်ကျခဲ့ကြတာပါ။

ဒီဖြစ်ရပ်မှာ အသက်ဆုံးရှုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတစ်စုကို ရူပီး ၅ သိန်း ( မြန်မာငွေ သိန်း ၁၅၀ ဝန်းကျင်) နစ်နာကြေးပေးပြီး ဒဏ်ရာရသူတွေအတွက် ရူပီး ၅၀၀၀၀ ပေးအပ်သွားမယ်လို့ မဟာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ရှီဝရာဆင်းမ်ချူဟန်က ပြောပါတယ်။

Ref: Madhya Pradesh: At least 35 die after falling into a well

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top