ယာဉ်မောင်းလိုင်စင်ရဖို့ ဇွဲမလျှော့ဘဲ အကြိမ် ၉၆၀ ကြိုးစားခဲ့သူတစ်ယောက်အကြောင်း

31.3.2023-yyl-iamge-25.jpg

ယာဉ်မောင်းလိုင်စင်ရဖို့အတွက် အကြိမ် ၉၆၀ ကြိုးစားခဲ့ရပြီး အောင်မြင်သွားခဲ့တဲ့ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးရဲ့ဇာတ်လမ်းဟာ လူမှုကွန်ယက်မှာ တစ်ဖန်ပြန်လည်ပျံ့နှံ့လာခဲ့ပါတယ်။ ချာဆာဆွန်ဆိုတဲ့ အဲ့ဒီအမျိုးသမီးရဲ့ဇာတ်လမ်းဟာ ၂၀၀၅ ခုနှစ်က နိုင်ငံတကာသတင်းဌာနတွေရဲ့သတင်းခေါင်းကြီးပိုင်းမှာ နေရာယူခဲ့တာပါ။ အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ပေမဲ့ ဇွဲမလျှော့ဘဲ ဆက်ပြီး ကြိုးစားခဲ့တာကြောင့်ပါ။

သူက ယာဉ်မောင်းလိုင်စင်အတွက် ရေးဖြေစာမေးပွဲကို ၂၀၀၅ ခုနှစ် ဧပြီလမှာ ပထမဆုံးအကြိမ် ကြိုးစားခဲ့တာပါ။ ပထမအကြိမ် ကျရှုံးခဲ့ပြီးတဲ့နောက်မှာလည်း သူက ၃ နှစ် ဆက်တိုက် တစ်ပတ် ၅ ရက် ဆက်ပြီး ဖြေခဲ့တာပါ။ အဲ့ဒီနောက် သူ ဖြေဆိုတဲ့ အကြိမ်ရေက တစ်ပတ်ကို ၂ ကြိမ်လောက်ဖြစ်သွားခဲ့ပေမဲ့ အားမလျှော့ဘဲ ရေးဖြေစာမေးပွဲပေါင်း ၈၆၀ ဖြေဆိုအပြီးမှာ အောင်မြင်သွားခဲ့ပါတယ်။
နောက်တစ်ဆင့်က ယာဉ်မောင်းလိုင်စင်အတွက် လက်တွေ့စစ်ဆေးမှုကို အောင်မြင်ဖို့ပါပဲ။ လက်တွေ့စစ်ဆေးမှုကို ၁၀ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရပါတယ်။ သူက ယာဉ်မောင်းလိုင်စင်အတွက် ရေးဖြေနဲ့လက်တွေ့စစ်ဆေးမှု အားလုံးစုစုပေါင်း အကြိမ် ၉၆၀ ကြိုးစားခဲ့ရပါတယ်။ သူက ၂၀၁၀ ခုနှစ်ကမှ အောင်မြင်သွားခဲ့တာပါ။ အဲ့ဒီတုန်းက သူ့အသက်က ၆၉ နှစ်ပါ။

ရေးဖြေနဲ့ လက်တွေ့စစ်ဆေးမှုနှစ်ခုလုံးမှာ အောင်မြင်ဖို့အတွက် အကြိမ် ၉၆၀ ကြိုးစားရာမှာ သူက ဒေါ်လာ ၁၃၄၀၀ ကုန်ကျခဲ့ပါတယ်။ အဲ့ဒီတုန်းက ချာဆာဆွန်ရဲ့ဇာတ်လမ်းဟာ ကိုရီးယားနိုင်ငံအတွင်း ပျံ့နှံ့သွားခဲ့ပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တောင်ကိုရီးယားကားထုတ်လုပ်ရေးကုမ္ပဏီ Hyundai ကလည်း သူ့ကို အသစ်စက်စက်ကားတစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။

Ref: It Took 960 Attempts For This Woman To Get Her Driving Licence. Her Story Is Viral Again

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top