ကမ္ဘာ့အံ့ဖွယ် ကျားသစ်ကွက် ရေကန်

9.4.2023-yyl-iamge-1.jpg

ကနေဒါနိုင်ငံ အိုကာနာဂန်တောင်ကြားထဲက ခီလက်ခ်ရေကန်ဟာ ကမ္ဘာ့အံ့ဖွယ်နေရာတစ်ခုပါပဲ။ ခီလက်ခ်ရေကန်ဟာ နွေရာသီမဟုတ်တဲ့ကာလမှာဆိုရင်တော့ သာမန်ရေကန်တစ်ခုပါပဲ။ ဘာမှ မထူးခြားပါဘူး။ ဒါပေမဲ့ နွေရာသီမှာတော့ ရေတွေ အငွေ့ပျံသွားပြီး တွင်းထွက်ဒြပ်သတ္တုတွေ တင်ကျန်နေခဲ့လို့ အရောင်အသွေးစုံတဲ့ အကွက်ငယ်တွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျားသစ်ကွက်ရေကန်လို့ ခေါ်ကြတာပါ။

ခီလက်ခ်ရေကန်ဟာ ၁၅ ဟက်တာလောက် ကျယ်ဝန်းပေမဲ့ ၃ မီတာလောက်ပဲ နက်ပါတယ်။ ကမ္ဘာပေါ်မှာ တွင်းထွက်ဒြပ်သတ္တု အများဆုံးရေကန်ဖြစ်တဲ့ ခီလက်ခ်ရေကန်မှာ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဆာလ်ဖိတ် အစရှိတဲ့ တွင်းထွက်ဒြပ်သတ္တုတွေ ပါဝင်ပါတယ်။ ရောဂါဘယတွေ ပျောက်ကင်းတယ်ဆိုတဲ့ အယူရှိကြလို့ အင်ဒီးယန်းမျိုးနွယ်တွေ အလေးအမြတ်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Ref: Magical Spotted Lake: Lake Khiluk

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top