ဒေါ်လာ သန်း ၁၀၀ ချမ်းသာကြွယ်ဝတဲ့ ၁၂ နှစ်သား YouTuber

8.4.2023-yyl-iamge-1.jpg

ရိုင်ယန်ကာဂျီဆိုတဲ့ ချာတိတ်လေးက ဝင်ငွေအကောင်းဆုံး YouTuber စာရင်းဝင်တယ်။ ၃ နှစ်သားအရွယ်ကတည်းက YouTube ကြည့်ပြီး သူများတွေ အရုပ် Review လုပ်နေတာကြည့်ပြီး သူလည်း လုပ်ချင်တယ်လို့ ပူဆာတယ်။ ရိုင်ယန်ကာဂျီရဲ့အမေက အထက်တန်းပြ ဓာတုဗေဒဆရာမ။ သူ့သားက ဒီလိုလည်း ပူဆာရော . . . သူ့အမေက ကျောင်းဆရာမအလုပ်ကနေ ထွက်ပြီး YouTube Channel ထောင်တယ်။ Ryan’s World တဲ့။

၂၀၁၅ ခုနှစ် မတ်လမှာ သူတို့ရဲ့ပထမဆုံး ဗီဒီယိုကို YouTube ပေါ် တင်တယ်။ သူ ကစားနေကျ အရုပ်တွေကို Review လုပ်ရင်းနဲ့ပေါ့။ ၂၀၁၆ ကနေ ၂၀၁၇ ခုနှစ်ကြားမှာ ဒေါ်လာ ၁၁ သန်း ဝင်ငွေ ရခဲ့တယ်။ ၆ နှစ်သားအရွယ်မှာတင် Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံးစာရင်း ဝင်နေပြီ။ အဲဒီစာရင်းရဲ့ အသက်အငယ်ဆုံးအဖြစ် စံချိန်တင်တယ်။

သူ့ချန်နယ်က အခုဆိုရင် အားပေးသူ သန်း ၃၀ ကျော် ရှိနေပြီ။ ၂၀၁၈ မှာ ဒေါ်လာ ၂၂ သန်း၊ ၂၀၁၉ မှာ ဒေါ်လာ ၂၆ သန်း ဝင်ငွေ ရခဲ့တယ်။ သူ့ရဲ့ချမ်းသာဝကွယ်ဝမှုက ဒေါ်လာ သန်း ၁၀၀ ရှိနေပါပြီ။

Ref: Ryan Kaji

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top