ပါရဲရားကို အလဲထိုးနိုင်ပွဲနဲ့ ရှုံးကြွေးဆပ်ပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ပြန်သိမ်းပိုက်ခဲ့တဲ့ အဒီဆန်ညာ

9.4.2023-yyl-iamge-4.jpg

UFC 287 မှာတော့ အဒီဆန်ညာက အဲလက်စ်ပါရဲရားကို အလဲထိုးနိုင်ပွဲယူပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ နယူးဇီလန် သိုင်းပေါင်းစုံ ကစားသမား အဒီဆန်ညာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဘရာဇီးသိုင်းပေါင်းစုံ ကစားသမား အဲလက်စ်ပါရဲရားကို ရှုံးပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရတာပါ။

အခုပွဲ ဒုတိယအချီမှာ အဲလက်စ်ပါရဲရားက Guard ဖွင့်ပြီး တိုက်စစ်ဆင်နေတုန်း အဒီဆန်ညာရဲ့ ဘယ်ထောက်လက်သီး၊ အားပြင်းညာလက်သီးချက်တွေမိပြီး ခါထွက်သွားချိန်မှာ လက်သီးတွဲလုံးတွေ ထပ်ထိခဲ့လို့ အလဲထိုးခံခဲ့ရတာပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top