မြေသားထဲက အနုဇီဝပိုးမွှားရဲ့ သံလိုက်ဓာတ်က ကင်ဆာရောဂါကုသမှုအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာ

2-6-2022-yyl16.jpg

ပိုးမွှားကို ဆေးဝါးအဖြစ် ကုသမှုနည်းလမ်းတစ်ရပ်အရ အင်္ဂလန်နိုင်ငံမှ ဆေးသုတေသီတွေဟာ ဘက်တီးရီးယားကရတဲ့ သံလိုက်ကို အသုံးပြုပြီး ကင်ဆာကျိတ်တွေကို ဗိုင်းရပ်စ်နဲ့တိုက်ဖျက်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီကုသမှုနည်းလမ်းကို လက်တွေ့အသုံးချနိုင်ဖို့ နှစ်ရှည်လများ ကြာမြင့်ဦးမှာဖြစ်ပေမဲ့ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာရောဂါတွေကို အောင်မြင်စွာ တိုက်ဖျက်နိုင်စွမ်းရှိကြောင်း တွေ့ရပါတယ်။ ဒါကြောင့်လည်း ကင်ဆာဆေးဝါးရှာဖွေမှုဆိုင်ရာ ရော်ဂျာဂရစ်ဖင်ဆု (Roger Griffin) ဆွတ်ခူးခဲ့ပါတယ်။

သဘာဝအတိုင်း ဖြစ်ပေါ်လာတတ်တဲ့ အွန်ကိုလိုက်တစ်ဗိုင်းရပ်စ် (oncolytic virus) ကို အာနိသင် ပိုထိရောက်အောင်၊ ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျအောင် အဆင့်မြှင့်တင်နိုင်စွမ်း ရှိပါတယ်။ အွန်ကိုလိုက်တစ်ဗိုင်းရပ်စ်က ကင်ဆာဆဲလ်တွေကို ပေါက်ကွဲပြီး သေဆုံးစေနိုင်စွမ်းရှိလို့ သုတေသီ တော်တော်များများက အသင့်သုံးနီးပါး ဖြစ်နေတဲ့ ဒီကုသနည်းကို အဆင်မြှင့်တင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။

ဒါပေမဲ့ အွန်ကိုလိုက်တစ်ဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်တွေလိုပဲ လက်ခံသူရဲ့ ကိုယ်ခံအားစနစ်ကို သက်ရောက်မှုရှိစေပြီး သူတို့ရဲ့ပစ်မှတ်ကို မြန်မြန်ဆန်ဆန် မရောက်ဘူးဆိုရင် ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်တွေကို အငွေ့ပျံစေနိုင်ပါတယ်။ အဲဒါကြောင့် ဗိုင်းရပ်စ်ပညာရှင်တွေက လစ်ပိုဆုန်း(liposome)လို့ ခေါ်တဲ့ အဆီဆဲလ်ကို အွန်ကိုလိုက်တစ်ဗိုင်းရပ်စ်ပေါ်က အုပ်ပြီး အကျိတ်ရှိတဲ့နေရာတွေကို ပစ်လွှတ်တဲ့အခါ အချိန်တိုတိုနဲ့ ရောက်ရှိစေတာကို တွေ့ရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ကင်ဆာသုတေသနအဖွဲ့ရဲ့ ရန်ပုံငွေထောက်ပံ့မှုနဲ့အတူ ရှက်ဖီးမြို့ အခြေစိုက် သုတေသီအဖွဲ့က သံလိုက်ဓာတ်ပါတဲ့ အမှုန်တွေကို အွန်ကိုလိုက်တစ် ဆဲလ်အပေါ်မှာ ဖုံးပေးလိုက်ရင် ကင်ဆာကျိတ်တွေဆီကို မြန်မြန်ရောက်ရှိစေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

အင်ဂျင်နီယာတွေဟာ သံလိုက်ကို တစ်မီတာရဲ့ ၅၁ ဘီလျံပုံ – ၁ ပုံအထိ စိတ်ဖြာပြီး အွန်ကိုလိုက်တစ်ဗိုင်းရပ်စ်ရဲ့ အပေါ်ယံကနေ ဖုံးပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ မြေသားထဲက အနုဇီဝပိုးမွှားတစ်မျိုးဟာ ကမ္ဘာ့သံလိုက်စက်ကွင်းနဲ့ ဟန်ချက်ညီစေဖို့အတွက် အိုင်းယွန်းအောက်ဆိုက်ဒ်တွေ စုပ်ယူတတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အနုဇီဝပိုးမွှားရဲ့သံလိုက်ဟာ အွန်ကိုလိုက်တစ်ဗိုင်းရပ်စ်အပေါ်ယံမှာ ဖုံးလွှမ်းဖို့ အလွန်လိုက်ဖက်ကိုက်ညီနေတာကြောင့် အကုန်အကျနည်းပြီး လွယ်ကူမယ့်နည်းလမ်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သုတေသီတွေဟာ တိရစ္ဆာန်တွေမှာ စမ်းသပ်ကုသမှုတွေလုပ်နေဆဲပါပဲ။ ဒီနည်းလမ်းကို လူသားတွေမှာ စမ်းသပ်ကုသနိုင်ဖို့အတွက်တော့ လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေ လုံလုံလောက်လောက် ထုတ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

Ref: SunnySkyz ” Magnets Made by Soil Bacteria Offer Hope for Breast and Prostate Cancer”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top