အဆိပ်ငွေ့ ပျံနှံမှုကြောင့် ရုရှားက မြို့တစ်မြို့ကို အရေးအပေါ်အခြေအနေ ကြေညာရဖို့ရှိနေ

rb-map-russia-v2new1-e1551586487244.jpg

ရုရှား တာဝန်ရှိသူတွေဟာ မော်စကိုမြို့ အနောက်မြောက်ပိုင်း ဗိုလိုကိုလမ်စကီးမြို့ (Volokolamsk) မှာ အရေးအပေါ်အခြေနေ ကြေညာရဖွယ်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အဆိုပါမြိုအတွင်းက အမှိုက်ပုံနေရာကနေ အဆိပ်ငွေ့တွေ ပျံနှံမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေထာင်ချီ ဆန္ဒပြခဲ့တာကြောင့် အစိုးရတာဝန်ရှိသူတွေက မြို့ကို အရေးပေါ်အခြေနေ ကြေညာဖို့ စီစဉ်လာတာဖြစ်ပါတယ်။

မြို့လေထုထဲမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဒ် ပမာဏဟာ မတ်လ ၂၉ ရက်နေ့က ခွင်ပြုထားတဲ့ပမာဏထက် အနည်းဆုံး ၁၀ ဆ ပိုနေတယ်လို့ သိရပါတယ်။ အဲဒီအတွက်ကြောင့် မွေးကင်းစ ကလေးရှိနေတဲ့ မိခင်တွေကို ကယ်ထုတ်နိုင်ရေးအတွက် ကျန်းမာရေးဌာနတွေဆီ ပိုဖို့ စီစဉ်ခဲ့ရတယ်လို့သိရပါတယ်။ မတ်လ ၂၁ ရက်နေ့က ခေါင်းကိုက်၊ ပျို့အန်တဲ့ ကလေး ငယ် ၅၇ ဦးကို ဆေရုံတင်ပို့မှုတွေ လုပ်ခဲ့ရပါတယ်။ ဗိုလိုကိုလမ်စကီး ဒေသခေါင်းဆောင် အန်ဒရီ ဗီခါဟာရက်ဗ် က အစိုးရအနေနဲ့ အရေးပေါ်အခြေနေ ကြေညာဖို့ လုပ်ဆောင်နေတဲ့အကြောင်း ဒေါသတကြီး ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို ပြောခဲ့ပါတယ်။

မြို့ကို အရေးပေါ်အခြေနေ ကြေညာလိုက်ရင် ရုရှား ဗဟိုအစိုးရဆီက ဆေးဝါးအထောက်အပံ့တွေ၊ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ယာယီနေစရာတွေအတွက် ဖန်တီး ဆောင်ရွက်ပေးဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မြို့တော်ဝန် လာဇာရက်ဗ်ကလည်း မွေးကင်းစကလေးတွေနဲ့အတူ မိခင်တွေပါ ကျန်းမာစေဖို့ လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး အခြား ကလေးတွေနဲ့ မသန်စွမ်းဖြစ်နေသူတွေကိုလည်း ဆေးဝါးကုသပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မြို့တော်ဝန် က ဒေသခံတစ်ဦးချင်းဆီ ဟာ ကာကွယ်ရေးပစ္စည်းတွေ ရရှိမှာဖြစ်ပြီး ကျောင်းတွေမှာလည်း ခရမ်းလွန်ရောင်ခြည် လျော့စေတဲ့ စက်ကိရိယာတွေ တပ်ဆင်ပေးဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ UV ဒြပ်မှုန်များအဖြစ် စွမ်းအင်ကို ထုတ်လုပ်တာဟာ ဟိုက်ဒရိုက်ဂျင်ဆာလဖိုက်ဒ် ပမာဏကို လျော့ကျစေမှာဖြစ်လို့ လူရဲ့ခန္ဓာကိုယ်အတွင်း ဗီတာဗင် D ထုတ်လုပ်နိုင်မှုကို အားကောင်းလာစေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၉ ရက်နေ့က မြို့တော်ခန်းမရှေ့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲကို လူပေါင်း ၆၀၀၀ ကျော်တက်ရောက်ခဲ့ပြီး အဲဒီမြို့ ဟာ မော်စကိုမြို့မှ မိုင် ၈၀ အကွာမှာရှိကာ ဒေသခံလူဦးရေ ၂၃၀၀၀ နေထိုင်လျက်ရှိကြာင်း သိရပါတယ်။

Ref : Russia CHEMICAL LEAK: 180 people POISONED after incident in Volokolamsk

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top