လူမှားသွားအောင် ပြောင်းလဲနိုင်ခဲ့တဲ့ ဂျပန်မိတ်ကပ်ပညာရှင်

27.5.2023-yyl-1.jpg

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် မိတ်ကပ်ပညာရှင် ဟာတင်ယန်က မိတ်ကပ်နဲ့ ဆံပင်တုတွေသုံးပြီး သူ့ကိုယ်သူ လူမှားသွားအောင် ပြောင်းလဲပြခဲ့တာပါ။ ဒီ ၂ ပုံကို ယှဉ်ကြည့်ရင် အောက်နှုတ်ခမ်း ဖောက်ထားတာကလွဲပြီး ဟာတင်ယန်လို့ မထင်ရလောက်အောင် ကွာခြားပါတယ်။ တချို့သူတွေက တခြားသူနဲ့ အစားထိုးဖော်ပြတယ်လို့ သံသယရှိတာကြောင့် ဟာတင်ယန်က သူ့ရဲ့မိတ်ကပ်လိမ်းခြယ် ပုံပြောင်းမှုကို Youtube ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိတဲ့ ဟာတင်ယန်ဟာ တွစ်တာပေါ်မှာ follower ၇ သိန်းနီးပါး ရှိပြီး Instagram၊ TikTok ၊ YouTube ပလက်ဖောင်းတွေပေါ်မှာ ပရိသတ်သန်းချီ ရှိပါတယ်။

Ref: Male Makeup Master Can Transform Into a Totally Different Person

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top