တရုတ်နိုင်ငံရဲ့ နာမည်ကျော် ခွန်ရှန်းပိရမစ်ကွန်ဒို

con.jpg

တရုတ်နိုင်ငံဟာ လူဦးရေ ၂၀၀၀၀ ဝန်းကျင် နေထိုင်နိုင်တဲ့ ပျားအုံပုံစံ ဧရာမ အဆောက်အအုံတွေ၊ ရထားဖြတ်သွားနိုင်တဲ့ အဆောက်အအုံတွေလိုမျိုး ပုံသဏ္ဍာန် ဆန်းပြားတဲ့ အဆောက်အအုံအများအပြား တည်ရှိရာနေရာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ခွန်ရှန်းမြို့၊ ဟွာချောင်ခရိုင်မှာ တည်ရှိတဲ့ ပိရမစ်ပုံသဏ္ဍာန် ကွန်ဒိုကလည်း နာမည်ကျော်ကြားတဲ့ အဆောက်အအုံတစ်ခုပါပဲ။ ၂၀၁၃ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တဲ့ ”ခွန်ရှန်းပိရမစ်”ဟာ အခန်းတွေကို ၄၅ ဒီဂရီ ချိုးတဲ့ပုံသဏ္ဍာန် တည်ဆောက်ထားပြီး ၁၈ ထပ်မြင့်မားပါတယ်။

ဒီစီမံကိန်းကို တာဝန်ယူ ဆောက်လုပ်ခဲ့တဲ့ Masters’ Architectural Office ဗိသုကာလုပ်ငန်းဟာ တရုတ်ရိုးရာ ဒေါင်လိုက်စပါးစိုက်ခင်းတွေကို နမူနာယူပြီး ဒီအဆောက်အအုံကို ဒီဇိုင်းဖန်တီးခဲ့တာလို့ ဆိုပါတယ်။ အခုလို ဒီဇိုင်းဖန်တီးမှုဟာ လေဝင်လေထွက် ကောင်းမွန်မှု၊ အလင်းကောင်းမွန်စွာ ရရှိရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေး အစရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား တည်ဆောက်ခဲ့ရတာပါ။

Ref: The Pyramid of Kunshan – A Unique Pyramid-Shaped Apartment Building

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top